တိုက်စစ်မှူး အမ်မနူရယ် အဒီဘာယာဟာ အာစင်နယ်နဲ့ နောက်ထပ် စာချုပ်သက်တမ်း (၄)နှစ်တိုးဖို့ သဘောတူ လိုက်ပါတယ်။
အဒီဘာယာက အမ်မရိတ်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ပြီးခဲ့တဲ့အပတ်မှာ ပြောဆိုခဲ့ ပေမယ့် ဘယ်လောက်ကြာကြာ နေမလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
အသက် (၂၄)နှစ်အရွယ် တိုဂို တိုက်စစ်မှူးဟာ လက်ရှိစာချုပ်သက်တမ်းထက် တစ်နှစ်ပိုတိုးပြီး ၂၀၁၂ မတိုင်မီ တစ်နှစ်အလိုအထိ အာစင်နယ်မှာ ရှိနေပါလိမ့်မယ်။
“စာချုပ်သစ်ရဲ့ သက်တမ်းကာလက ကလပ်နဲ့ အဒီဘာယာအတွက် အရမ်း အရေးကြီး ပါတယ်။ အရာရာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ လုပ်နေပါတယ်” လို့ အာစင်နယ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
အဒီဘာယာဟာ ပြီးခဲ့တဲ့ရာသီမှာ အာစင်နယ်အတွက် ဂိုးပေါင်း (၃၀) သွင်းထားပြီး ရာသီအကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
နည်းပြ အာစင်ဝင်းဂါးက အဒီဘာယာရဲ့ လုပ်ခလစာကို ပေါင် (၈၀,၀၀၀)အထိ တိုးမြှင့်ပေးပြီး မီလန်နဲ့ ဘာစီလိုနာတို့ရဲ့ ရန်ကနေ လွတ်မြောက်ဖို့အတွက် စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ အာစင်နယ်ကို ဖိအားပေး တိုက်တွန်းထားပါတယ်။
|