DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဘော်လ်တန် တိုက်စစ်မှူး ဒီယော့ဖ် ရောက်ရှိလာတဲ့အပေါ် ဆန်းဒါးလန်း ပရိတ်သတ်တွေ စိတ်လှုပ်ရှား
ဘီဘီစီ - ဇူလိုင် ၂၉၊ ၂၀၀၈

ဆန်းဒါးလန်းက လာမဲ့ရာသီသစ်အတွက် ပြင်ဆင်တည်ဆောက်ရေး အစီအစဉ်ကို အကောင် အထည်ဖော်နေတဲ့အနေနဲ့ ဘော်လ်တန် တိုက်စစ်မှူး အယ်ဟတ်ဂျီ ဒီယော့ဖ်က ပေါင် (၂.၅)သန်းနဲ့ ခေါ်ယူ လိုက်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ဟာ ဘော်လ်တန်မှာ စာချုပ်သက်တမ်း တစ်နှစ် ကျန်သေးပေမယ့် အသင်းပြောင်းချင်တဲ့အကြောင်း ထုတ်ဖော်ထားပါတယ်။

တိုက်စစ်မှူး ဒီယော့ဖ်ဟာ ဆန်းဒါးလန်းနည်းပြ ရွိင်ကိန်းရဲ့ ဒီအပြောင်းအရွေ့ ရာသီအတွင်းမှာ (၅)ယောက်မြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။

“အယ်ဟတ်ဂျီကို ခေါ်ယူနိုင်တာဟာ ကျနော်တို့အတွက် ကြီးမားတဲ့ အပြောင်းအရွေ့ တစ်ခုပါ။ သူ့ကို ရဖို့အတွက် ကျနော်တို့ ရင်တမမနဲ့ စောင့်ဆိုင်းခဲ့ရတာပါ” လို့ နည်းပြ ရွိင်ကိန်းက ပြောပါတယ်။

“သူ့မှာ ပရီးမီးယားရှစ်မှာရော နိုင်ငံတကာမှာ အတွေ့အကြုံတွေ တပွေ့တပိုက်ကြီး ရှိနေပါတယ်။ ဒါတွေကြောင့် ကျနော်တို့ သူ့ကို အရခေါ်တာ ဖြစ်ပါတယ်”

“ကျနော်တို့ရဲ့ နည်းပြအဖွဲ့ထဲက ရစ်ကီဆိုရင် ဘော်လ်တန်မှာတုန်းက သူနဲ့ နီးနီးကပ်ကပ် အလုပ်အတူတူ လုပ်ခဲ့ဖူးပါတယ်။ သူ့ကို ခေါ်ယူနိုင်တဲ့အတွက် ကျနော်တို့ ပရိတ်သတ်တွေ ကိုလည်း စိတ်လှုပ်ရှားမှု ဖြစ်စေပါတယ်” ဆန်းဒါးလန်းနည်းပြ ကိန်းက ပြောပါတယ်။

ဒီယော့ဖ်ဟာ တိုက်စစ်မှူးအနေနဲ့ရော တောင်ပံကနေပါ နေရာ (၂)မျိုးစလုံးမှာ ကစားနိုင် ပါတယ်။

သူဟာ လီဗာပူးကနေ ပထမပိုင်းမှာ အငှားစာချုပ်နဲ့ ဘော်လ်တန်ကို ရောက်ရှိပြီးနောက် အမြဲတမ်းစာချုပ်ချုပ် (၄)နှစ်ကြာ ကစားခဲ့ပါတယ်။

နည်းပြ ကိန်းရဲ့ ဆန်းဒါးလန်းဟာ မကြာသေးမီ ရက်ပိုင်းအတွင်းက တော့တင်ဟမ် ကစားသမား (၂)ယောက်ဖြစ်တဲ့ တိုင်နီယိုနဲ့ ပါစကယ် ချင်ဘိုဒါတို့ကို ခေါ်ယူထားပါတယ်။


ဆန်းဒါးလန်း တိုက်စစ်မှူးသစ် ဒီယော့ဖ်