DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ရာသီသစ်မှာ ဆုဖလား (၄)ခု အရယူနိုင်ဖို့ ချဲလ်ဆီးနည်းပြသစ် စကိုလာရီ ပစ်မှတ်ထား
ရိုက်တာ - ဇူလိုင် ၂၉၊ ၂၀၀၈

နည်းပြ လူးစ် ဖိလစ်ပီ စကိုလာရီက ချဲလ်ဆီးအနေနဲ့ လာမဲ့ရာသီမှာ ဆုဖလား (၄) ခုစလုံး ရနိုင်ကြောင်း ကြွေးကြော် လိုက်ပါတယ်။

အသင်းခေါင်းဆောင် ဂျွန်တယ်ရီနဲ့ ပက်သက်လို့ စကိုလာရီက “သူ့အနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ပင်နယ်တီ မ၀င်လို့ ခံစားရတာတွေကို မေ့ပျောက် နိုင်ပါပြီ” လို့ ရာသီအကြို ခြေစမ်းပွဲတွေအတွက် အာရှဒေသကို ရောက်ရှိနေတုန်း ပြောဆိုပါတယ်။

“သူ့အနေနဲ့ နောက်ထပ် ဒီအကြောင်း ပြန်တွေးပြီး စိတ်ညစ်စရာ မရှိတော့ပါဘူး”

တယ်ရီဟာ မနှစ်တုန်းက မော်စကိုမှာ ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ပင်နယ်တီကန်ရာမှာ မ၀င်လို့ မန်ယူနိုက်တက်က အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

ဗဟိုနောက်ခံလူ တယ်ရီက “အဲဒီတုန်းက ခံစားရတဲ့ နာကျင်မှုတွေက ကျနော့်အတွက် အသင်းကို ပိုပြီး တိုးတက်အောင် ကြိုးစားဖို့ တွန်းအားတွေ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

နည်းပြသစ် စကိုလာရီက လန်ဒန်အခြေစိုက်ကလပ် ချဲလ်ဆီးရဲ့ လက်ရှိကစားသမားတွေနဲ့ လာမဲ့ရာသီမှာ ပရီးမီးယားရှစ်၊ ကားလင်းဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်တို့မှာ အနိုင်ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

“လာမဲ့ရာသီမှာ ကျနော်တို့ ပြိုင်ပွဲ (၄) ပွဲ ယှဉ်ပြိုင်ရမှာပါ။ (၄)ခုစလုံး အနိုင်ရဖို့ ကျနော် ကြိုးစား သွားမှာပါ။ ကစားသမားတွေကလည်း ကျနော်နဲ့ အတူတူပါပဲ” လို့ ဘရာဇီးသားနည်းပြသစ်က ပြောပါတယ်။

“ဒီကိစ္စက လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ကျနော်တို့အသင်းမှာ အဲဒီလိုမျိုး စွမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်”

“ကစားသမားတွေကလည်း ပြိုင်ပွဲနှစ်ခုမှာ ဗိုလ်လုပွဲကို ရောက်ရမယ်ဆိုတဲ့ ယုံကြည်မှု ရှိပါတယ်”

စကိုလာရီဟာ ယူရို ၂၀၀၈ ပြိုင်ပွဲအပြီးမှာ ပေါ်တူဂီအသင်းကနေ ချဲလ်ဆီးကို ပြောင်းရွေ့ လာခြင်း ဖြစ်ပါတယ်။

သူဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းကို ချန်ပီယံဖြစ်အောင် လမ်းညွန် ထားပါတယ်။


ချဲလ်ဆီးနည်းပြ စကိုလာရီ