DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
တော့တင်ဟမ် တိုက်စစ်မှူး ရော်ဘီ ကီးန် ပေါင်သန်း (၂၀)၀န်းကျင်နဲ့ လီဗာပူးကို ပြောင်းရွေ့
အေဂျင်စီသတင်းများ - ဇူလိုင် ၂၉၊ ၂၀၀၈

လီဗာပူးက ပြောင်းရွေ့ကြေး ဈေးတက်သွားတဲ့ တိုက်စစ်မှူး ရော်ဘီ ကီးန်ကို တော့တင်ဟမ် ကနေ ပေါင် (၂၀.၃)သန်းနဲ့ ခေါ်ယူ လိုက်ပါတယ်။

အသက် (၂၈)နှစ်အရွယ် ရော်ဘီ ကီးန်ဟာ တစ်ပတ်ကို လုပ်ခလစာ (၈၀,၀၀၀) တန်းဖိုးရှိတဲ့ ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေ အပါအ၀င် အပြောင်းအရွေ့အတွက် (၄)နှစ်စာချုပ်နဲ့ သဘောတူခဲ့ပြီးနောက် မနေ့တုန်းက ဆေးစစ်မှု ခံယူခဲ့ပါတယ်။

“လွန်ခဲ့တဲ့ (၆)နှစ်အတွင်း ဒီမှာရှိနေတဲ့ အပျော်ရွှင်ဆုံး အချိန်တွေနဲ့ အကောင်းဆုံး အချိန်အတွက် ဘုတ်အဖွဲ့၊ ကစားသမားတွေနဲ့ တော့တင်ဟမ် ပရိတ်သတ်တွေကို ကျနော့်ဘ၀မှာ ကျေးဇူး မှတ်တမ်းတင် ထားမှာပါ” လို့ ရော်ဘီ ကီးန်က ပြောပါတယ်။

“ကျနော် သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။ အထူးသဖြင့် ကျနော့်အပေါ် နားလည်မှုပေးတဲ့ ဥက္ကဌ ဒယ်နီရယ် လတ်ဗီကို ကျေးဇူးတင်ပါတယ်။ လီဗာပူးက ကျနော့်စိတ်ထဲမှာ နှစ်ရှည်လများ ကိန်းအောင်းနေတဲ့ အိမ်မက်ပါ”

တော့တင်ဟမ်ဟော့ စပါးစ်က ပြောင်းရွေ့ကြေးကို ပထမပိုင်းမှာ ပေါင် (၁၉)သန်းနဲ့ သဘောတူထားပေမယ့် ခြေစွမ်းပေါ် မူတည်ပြီး နောက်ထပ် (၁.၃)သန်း တောင်းခံ ခဲ့ပါတယ်။

စပါးစ်ဟာ အစောပိုင်းတုန်းက ရော်ဘီ ကီးကို ခေါ်ယူနိုင်ရေးအတွက် လီဗာပူးက တကောက် ကောက် လိုက်နေတဲ့ အပေါ်မှာ ရှက်စရာ လုပ်ရပ်အဖြစ် လူသိရှင်ကြား ပြောဆိုထားတဲ့ အပေါ်မှာ တရားဝင် တောင်းပန်သွားဖို့လည်း သဘောတူ ထားပါတယ်။

အိုင်ယာလန် လက်ရွေးစင်ဟာ လီဗာပူးအသင်းနဲ့အတူ မနက်ဖြန်မှာ ဗယ်လာရီရဲလ်နဲ့ ခြေစမ်း ပွဲကစားဖို့အတွက် စပိန်ကို လိုက်ပါသွားမှာ ဖြစ်ပါတယ်။

ဝုဗက်စ်၊ ကိုဗင်ထရီ၊ အင်တာမီလန်၊ လိဒ်နဲ့ တော့တင်ဟမ်တို့မှာ ကစားဖူးတဲ့ ကီးအတွက် လီဗာပူးဟာ သူ့ရဲ့ ဆဌမမြောက် ကလပ် ဖြစ်လာပါတယ်။

ဒီလအစောပိုင်းမှာ တိုက်စစ်မှူး ပီတာ ခရောက်ခ်ျတစ်ယောက် ပို့စ်မောက်ကို ပြောင်းသွား ပြီးနောက် သူ့နေရာကို အစားထိုးဖို့အတွက် ကီးဟာ နည်းပြ ဘင်နီတတ်ဇ်ရဲ့ ပထမဦးစားပေး ပစ်မှတ်စာရင်းကို မကြာသေးခင် သီတင်းပတ်အတွင်းမှာ ၀င်ရောက်ခဲ့ပါတယ်။

လီဗာပူးဟာ လောလောဆယ်မှာ နည်းပြ မာတင် အိုနေးလ်ရဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဘာရီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ၀ယ်ယူဖို့ ငွေးကြေးမလုံလောက်လို့ ဖြစ်နိုင်ရင် ဗဟိုနောက်ခံလူ စတီ ဖင်နန်ကို အလိုက်ပေးသွားဖို့ အလိုရှိ နေပါတယ်။

ကီးန်ဟာ တော့တင်ဟမ်အတွက် ကစားပေးထားတဲ့ (၁၉၇)ပွဲမှာ ဂိုးပေါင်း (၈၀)နဲ့ အိုင်ယာ လန်နဲ့အတူ ပွဲပေါင်း (၈၁)ပွဲမှာ (၃၃)ဂိုး ရထားပါတယ်။

သူဟာ လီဗာပူးရှေ့တန်းမှာ ပုံမှန်ကစားခွင့် ရဖို့အတွက် ဖာနန်ဒို တော်ရက်စ်၊ ဘာဘယ်၊ ကောက်တ်တို့နဲ့ ယှဉ်ရမှာ ဖြစ်ပါတယ်။


လီဗာပူး တိုက်စစ်မှူးသစ် ရော်ဘီ ကီးန်