DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဗြိတိသျှ စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ မန်ယူက တိုက်စစ်မှူး တယ်ဗယ်ဇ်ကို စာချုပ်ဖို့ရှိ
ဘီဘီစီ - ဇူလိုင် ၂၇၊ ၂၀၀၈

မန်ယူနိုက်တက်က ၂၀၀၈ အကုန်မှာ တိုက်စစ်မှူး ကားလို့စ် တယ်ဗက်ဇ်ကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး တယ်ဗက်ဇ်ရဲ့ (၂)နှစ်အငှားစာချုပ်သက်တမ်းဟာ ၂၀၀၉ နွေရာသီမှာ ကုန်ဆုံးဖြစ်ပြီး မန်ယူက ဗြိတိသျှ အပြောင်းအရွေ့စံချိန်အဖြစ် ပေါင် (၃၂)သန်းနဲ့ ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ ဗြိတိသျှ မီဒီယာတွေက ခန့်မှန်းပါတယ်။

မန်ယူအမှုဆောင်အရာရှိ ဒေးဗစ် ဂေက အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူးနဲ့ ပက်သက်လို့ “ကျနော်တို့ ဘာဆက်လုပ်ရမယ်၊ ဘယ်လောက်ပေးရမလဲ ဆိုတာကို သိပါတယ်။ ဒါပေမယ့် ရေရှည်စာချုပ်နိုင်ဖို့အတွက် ဖြေရှင်းစရာ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

“ဒီကိစ္စက လောလောဆယ် ကိုင်တွယ်ရမဲ့ ပြဿနာ မဟုတ်သေးပါဘူး။ လာမဲ့ ဒီဇင်ဘာမတိုင်ခင်အထိ ကျနော်တို့မှာ အချိန်ရှိပါသေးတယ်”

တယ်ဗက်ဇ်ကို ပိုင်ဆိုင်တဲ့ MSI မီဒီယာ ကုမ္မဏီရဲ့ ပိုင်ရှင်ဖြစ်သူ ကီရာ ဂျိုရပ်ချိန်က အပြောင်းအရွေ့ကိစ္စအတွက် သဘောတူညီချက်ရဖို့ နီးစပ်နေပြီဖြစ်ပေမဲ ဘယ်အချိန်မှာ အပြီးသတ် နိုင်မလဲ ဆိုတာကို မသိကြောင်း မနှစ်တုန်းက ပြောပါတယ်။

“သူ့ရဲ့ အပြောင်းအရွေ့ အမြန်ဆုံး ဖြစ်မြောက်ဖို့အတွက် ကျနော်တို့ အရှိန်မြှင့် ကူညီသွားမှာပါ။ အဆင်ပြေမဲ့ သဘောရှိပါတယ်။ ဘယ်အချိန်မှာ ဖြစ်မလဲတော့ မသိပါဘူး”

ပရီးမီးယားရှစ် အပြောင်းအရွေ့မှာ လက်ရှိ အမြင့်ဆုံးတင်ထားတဲ့ စံချိန်ဟာ ချဲလ်ဆီးက အေစီမီလန်ကနေ ပေါင်သန်း (၃၀)ပေးပြီး တိုက်စစ်မှူး အင်ဒီ ရှက်ဖ်ချင်ကိုကို ခေါ်ယူထားတဲ့ စံချိန် ဖြစ်ပါတယ်။

မန်ယူက တယ်ဗက်ဇ်ကို သြဂုတ်၊ ၂၀၀၇ မှာ ၀က်စ်ဟမ်းအသင်းကနေ (၂)နှစ် အငှားစာချုပ်နဲ့ ခေါ်ယူထားခြင်း ဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူ အိုဝင်ဟာ့ ဂဗေးက လာမဲ့ရာသီမှာ တယ်ဗက်ဇ်နဲ့ ရွန်နီတို့အတွဲဟာ အတွဲမိမိနဲ့ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

တယ်ဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း မန်ယူအတွက် ကစားပေးထားတဲ့ (၃၉)ပွဲမှာ (၁၉)ဂိုး သွင်းထားပြီး အိုးထရက်ဖို့ဒ်ကလပ်ကို ပရီးမီးယားရှစ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် ကူညီထားပါတယ်။

 


ကားလို့စ် တယ်ဗက်ဇ်