DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
၂၀၁၀ မှာ ဘောလုံးကစားတာကို ရပ်ဖို့ မန်ယူကွင်းလယ်လူ ပေါစခိုးလ် အစီအစဉ်ဆွဲ
အေဂျင်စီသတင်းများ - ဇူလိုင် ၂၄၊ ၂၀၀၈

မန်ယူရဲ့ ၀ါရင့်ကွင်းလယ်သမား ပေါစခိုးလ်က လာမဲ့ ၂၀၁၀ ကျရင် ဘောလုံးကစားခြင်းကနေ အနားယူဖို့ စဉ်းစားနေပါတယ်။

အသက် (၃၃)နှစ်အရွယ် ကွင်းလယ်လူဟာ ကစားသမားဘ၀ကို အိုးထရက်ဖို့ဒ်ကလပ်မှာပဲ မြှပ်နှံထားပြီး လောလောဆယ်မှာ မန်ယူနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ပါတော့တယ်။

ပေါစခိုးလ်က နည်းပြ ဖာဂူဆန်ဆီကနေ စာချုပ်သက်တမ်းတိုးတဲ့ အချက်ပြမှုကို စောင့်ဆိုင်းနေပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟောင်းက “ဘယ်လောက်ကြာကြာ ကျနော် ဆက်ကစားနိုင်မလဲ ဆိုရင်၊ နောက်ထပ် အများဆုံး (၂)နှစ်လောက်ပဲ ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်”

“ကျနော့် စာချုပ်က တစ်နှစ် ကျန်ပါသေးတယ်။ နောက်ထပ် တစ်နှစ်စာချုပ်အတိုး ခံရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ကျနော့်ရဲ့ စိတ်ခံစားမှုနဲ့ ဘယ်လောက် ကစားနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်”

“အခုအချိန်မှာတော့ နောက်ထပ် (၂)နှစ်လောက် မှန်းတာက ကျနော့်အတွက် မှန်ပါလိမ့်မယ်”

စခိုးလ်ဟာ ဒေးဗစ် ဘက်ဟမ်း၊ ရိုင်ယန် ဂစ်၊ ဂယ်ရီ နဗီးလ်တို့နဲ့အတူ မန်ယူရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး အခုအချိန်အထိ နည်းပြ ဖာဂူဆန်ရဲ့ အားကိုးခြင်း ခံနေရတဲ့ ကစားသမား ဖြစ်ပါတယ်။

သူဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲပေါင်း (၃၉၅)ပွဲမှာ (၉၆)ဂိုးနဲ့ လက်ရွေးစင်အသင်းနဲ့အတူ (၆၆)ပွဲမှာ (၁၄)ဂိုး ရထားပါတယ်။


မန်ယူကွင်းလယ်သမား ပေါစခိုးလ်