DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဖာဂူဆန်က ချဲလ်ဆီးကို သက်ကြားအို အသင်းလို့ သတ်မှတ်ပြီး လီဗာပူးနဲ့ အာစင်နယ်ကို ပြိုင်ဖက်တွေအဖြစ် သဘောထား
အေဂျင်စီသတင်းများ - ဇူလိုင် ၂၃၊ ၂၀၀၈

သက်ကြီးကစားသမား အများစုပါနေတဲ့ ချဲလ်ဆီးအနေနဲ့ လာမဲ့ရာသီရဲ့ အဓိကျတဲ့ ပွဲတွေမှာ ခက်ခက်ခဲခဲ ရုန်းကန်ရလိမ့်မယ်လို့ မန်ယူနိုက်တက်နည်းပြ ဖာဂူဆန်က ယုံကြည်နေပါတယ်။

ဖာဂူဆန်က လီဗာပူးနဲ့ အာစင်နယ်က မန်ယူရဲ့ ချန်ပီယံသရဖူ ကာကွယ်ရေးအတွက် ပိုပြီး ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေဖြစ်ကြောင်း ပြောပါတယ်။

“ချဲလ်ဆီးက အတွေ့အကြုံများတဲ့ အသင်းတစ်သင်းပါ။ အသက် (၃၀) ပတ်ဝန်းကျင် ကစားသမားတွေများနေတဲ့ အသင်းတစ်သင်းကနေ သိပ်ပြီးတော့ ထူးထူးချွန်ချွန်နဲ့ ကစားနိုင်လိမ့်မယ်လို့ ကျနော် မမြင်ပါဘူး”

“လီဗာပူးနဲ့ အာစင်နယ်ကိုတော့ ပြိုင်ဖက်စာရင်းကနေ ဖယ်ထုတ်လို့ မရပါဘူး။ အာစင်နယ်ဆိုရင် ပြီးခဲ့တဲ့ ရာသီတုန်းက အောင်မြင်ခဲ့တဲ့ အသင်းတစ်သင်းပါ”

“အာစင်နယ်ကို ပြီးခဲ့တဲ့ရာသီမှာ ဒုက္ခပေးသွားတာက ကစားသမားတွေ ဒဏ်ရာရကုန်တဲ့ အချက်ပါပဲ။ ဖေဖေါ်ဝါရီမှာ သူတို့ရဲ့ ကွင်းလယ်သမား အများစု မကစားနိုင်ဘဲ ဖြစ်ခဲ့ပါတယ်”

စကော့သားနည်းပြ ဖာဂူဆန်ဟာ လောလောဆယ်မှာ မန်ယူနဲ့အတူ ခြေစမ်းပွဲ ခရီးစဉ်အဖြစ် တောင်အာဖရိကကို ရောက်ရှိနေပါတယ်။

“ချဲလ်ဆီးကတော့ နည်းပြသစ် စကိုလာရီနဲ့အတူ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ မြင့်မားနေပါတယ်။ နောက်ပြီး ပေါ်တူဂီက ဘိုဆင်ဝါနဲ့ ဒေကိုတို့အတွက် ပေါင် (၂၄)သန်းအထိ သုံးထားပေမယ့် အတိတ်တုန်း ကလည်း အောင်မြင်ဖို့ ရုန်းကန်ရပါလိမ့်မယ်”

“ကျနော့်အတွက်ဆိုရင်တော့ ချဲလ်ဆီးကို မစိုးရိမ်ပါဘူး။ သူတို့အသင်း ဘယ်နေရာမှာ တိုးတက်လာသလဲ ဆိုတာကို ရှာတွေ့ဖို့ လောလောဆယ် ခက်နေပါတယ်”

စတန်းဖို့ဘရစ်ခ်ျ ကွင်းလယ်လူ မိုက်ကယ် အက်စီယန်က “လမ်းပတ်၊ ဘာလက်နဲ့ ဒေကိုတို့က အသက် (၃၀) ၀န်းကျင်း ကစားသမားတွေ ဖြစ်ပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်နေလို့ ဆုဖလားတွေပိုပြီး ရနိုင်ပါတယ်” လို့ ဖာဂူဆန်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်ပါတယ်။

“ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အများကြီး ရှိနေပါတယ်။ သူတို့မှာ အနိုင်ရလိုတဲ့ စိတ်ဓါတ်ကလည်း ပြင်းထန်ပါတယ်။ ဒါကြောင့် ဖာဂူဆန်ပြောတာကို ကျနော် လုံးဝ လက်မခံပါဘူး” လို့ ဂါနာ လက်ရွေးစင်က ထပ်ပြောပါတယ်။

ကွင်းလယ်လူ အက်စီယန်က ချဲလ်ဆီးနဲ့ တိုက်စစ်မှူး ဒရော့ဘာနဲ့ စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ မျှော်လင့် ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ မန်ယူရဲ့ အဓိကပြိုင်ဖက်အသင်း ဖြစ်ခဲ့ပြီး ပရီးမီးယားရှစ်မှာ နောက်ဆုံးပွဲကျမှ ချန်ပီယံအဖြေထွက်တဲ့အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ ရပါတယ်။


ဖာဂူဆန်