DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူကိုစွန့်ရင် အကြီးမားဆုံးအမှား တစ်ခုကို ကျုးလွန်မိသလို ဖြစ်သွားလိမ့်မယ်လို့ ရော်နယ်ဒိုကို ဖာဂူဆန် သတိပေး
ဘီဘီစီ - ဇူလိုင် ၂၂၊ ၂၀၀၈

ခရစ်စတီယာနို ရော်နယ်ဒိုအနေနဲ့ ရီရဲလ်မက်ဒရစ်ကို ပြောင်းရင် ကစားသမားဘ၀မှာ အဆိုးဆုံးအရာတွေနဲ့ တွေ့ကြုံရနိုင်တယ်လို့ မန်ယူနိုက်တက်နည်းပြ ဖာဂူဆန်က သတိပေး လိုက်ပါတယ်။

ခြေကျင်းဝတ် ခွဲစိတ်ကုသမှု ခံယူထားတဲ့ ရော်နယ်ဒိုနဲ့ ပြီးခဲ့တဲ့အပတ်တုန်းက လစ္စဘွန်းမှာ တွေ့ဆုံခဲ့တဲ့ ဖာဂူဆန်က “ရော်နယ်ဒိုအနေနဲ့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာရင် အကြီးမှားဆုံး အမှားတစ်ခု ပြုလုပ်လိုက်တာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။

“တကယ်လို့ ခင်များရဲ့ သားက ခင်များကို အကြံဥာဏ်တောင်းလာရင် သူ့အတွက် အကောင်းဆုံး အကြံဥာဏ်တွေကို ပေးမှာပါ။ အဲဒီလိုပါပဲ။ ရော်နယ်ဒို ရီရဲလ်ကို သွားရင် အဆိုးဆုံးအရာတွေနဲ့ ကြုံရနိုင်လို့ ကျနော်က သတိပေး နေရတာပါ”

“လောလောဆယ် သူ့အတွက် အမှန်ကန် အသင့်တော်ဆုံး ကလပ်တစ်ခုနဲ့ အကောင်းဆုံး အသင်းတစ်သင်းမှာ ရောက်နေပါတယ်”

အသက် (၂၃)နှစ်အရွယ် ရော်နယ်ဒိုက ရီရဲလ်မက်ဒရစ်မှာ ကစားရရေးဟာ သူ့အတွက် အိမ်မက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တောင်ပံသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဂိုးပေါင်း (၄၂)ဂိုးသွင်းပြီး မန်ယူကို ပရီးမီးယားရှစ်မှာ ထပ်ဆင့် ချန်ပီယံနဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။

ပေါ်တူဂီစတားဟာ လောလောဆယ် ခြေကျင်းဝတ် ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာအောင် ကုသမှု ခံယူနေတဲ့အတွက် မန်ယူအသင်းရဲ့ တောင်အာဖရိက ခြေစမ်းပွဲ ခရီးစဉ်မှာ လိုက်ပါနိုင်ခြင်း မရှိပါဘူး။

၎င်းက ဆက်လက်ပြီး “ကျနော် ရိုးရိုးသားသား ယုံကြည်တာက သူ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးကလပ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဖြစ်တယ်ဆိုတာပါပဲ” လို့ ပြောပါတယ်။

မန်ယူအသင်းဟာ လောလောဆယ် ခြေစမ်းပွဲ ခရီးစဉ်အဖြစ် တောင်အာဖရိကကို ရောက်ရှိနေပြီး လာမဲ့ (၁၀)ရက်နေ့မှာ အက်ဖ်အေ ချန်ပီယံ ပို့စ်မောက်အသင်းနဲ့ ရာသီအဖွင့် ကွန်မြူနတီဖလားပွဲ နွဲရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် မန်ယူရဲ့ ရာသီအစ ပွဲစဉ်တော်တော်များများ လွဲချော်မှာဖြစ်ပြီး စက်တင်ဘာလောက်ကျမှ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။


အမေရိကန်နိုင်ငံ လော့စ်အန်ဂျိရှိ ဆုပေးပွဲ အခမ်းအနားတစ်ခုကို ရောက်နေတဲ့ စီရော်နယ်ဒို