ပို့စ်မောက်တိုက်စစ်မှူးသစ် ပီတာ ခရောက်ခ်ျက ချဲလ်ဆီးကွင်းလယ်လူ ရှောင်ရိုက် ဖိလစ်စ်ကို အသင်းပြောင်းလာခဲ့ဖို့အတွက် ဖိတ်ခေါ်ကြောင်း ပြောပါတယ်။
ပွမ်ပီနည်းပြ ဟယ်ရီ ရက်ပ်နက်ကလည်း ၀ိုက်ဖိလစ်စ်ကို ချဲလ်ဆီးကနေ ခေါ်ယူချင်ကြောင်း လူသိရှင်ကြား ကြေညာ ထားပါတယ်။
အသက် (၂၆)နှစ်အရွယ် ၀ိုက်ဖိလစ်ရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင် (၁၀)သန်းနဲ့အထက် ၀န်ကျင်းလောက်မှာ ဖြစ်ဖို့ များနေပါတယ်။
တိုက်စစ်မှူး ခရောက်ခ်ျက “ရှောင်က ကစားသမားကောင်း တစ်ယောက်ပါ။ တကယ်လို့ ကျနော်တို့ နည်းပြကသာ သူ့ကို ခေါ်နိုင်ရင် ဒီမှာရှိတဲ့ လူတိုင်းအတွက် အရမ်းကောင်းမှာပါ” လို့ ပြောပါတယ်။
နည်းပြ ရက်ပ်နက်က ချဲလ်ဆီး ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် ငွေလုံလောက်ဖို့အတွက် လက်ရှိ ကစားသမားတချို့ ရောင်းထုတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလအစောပိုင်းမှာ ရက်ပ်နက်က ခရောက်ခ်ျကို လီဗာပူးကနေ ပေါင် (၁၁)သန်း ခေါ်ယူထားပါတယ်။
ပို့စ်မောက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလား ချန်ပီယံဆုကို ရထားပါတယ်။
|

ချဲလ်ဆီးမှာ ပုံမှန်နေရာမရ ဖြစ်နေတဲ့ ရိုက်ဖိလစ်စ်
|