DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
လာမဲ့ရာသီမှာ ရော်နယ်ဒို မန်ယူမှာပဲ ဆက်နေလိမ့်မယ်လို့ နည်းပြ ဖာဂူဆန် အခိုင်အမာ ထုတ်ဖော်
အေအက်ဖ်ပီ - ဇူလိုင် ၂၁၊ ၂၀၀၈

ခရစ်စတီယာနို ရော်နယ်ဒိုအနေနဲ့ လာမဲ့ရာသီအတွက် မန်ယူနိုက်တက်မှာပဲ သေချာပေါက် ဆက်ရှိနေ လိမ့်မယ်လို့ နည်းပြ ဖာဂူဆန်ကက ပြီးခဲ့တဲ့ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက် ပါတယ်။

လောလောဆယ် မန်ယူနဲ့အတူ ရာသီအကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် တောင်အာဖရိကကို ရောက်နေတဲ့ ဖာဂူဆန်က လစ္စဘွန်းမှာ ရော်နယ်ဒိုနဲ့ တွေ့ဆုံ စကားပြောဆိုအပြီးမှာ အခုလို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။

“ဆွေးနွေးမှုက အဆင်ပြေပါတယ်။ ကစားသမားဖက်ကရော ကျနော်တို့ဖက်ကပါ နှစ်ဖက်စလုံးက ရှုထောင့်တစ်မျိုးစီကို အတူတကွ ဆွေးနွေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်”

“ကျနော် ပြောနိုင်တာက သူ့အနေနဲ့ လာမဲ့ရာသီမှာ မန်ယူမှာပဲ ဆက်ရှိနေမယ်ဆိုတဲ့ အကြောင်းပါ။ ဒါက ကျနော်တို့ရဲ့ သဘောထား ဖြစ်ပါတယ်။ သူ့ကို မရောင်းနိုင်သေးပါဘူး”

မန်ယူနိုက်တက် အမှုဆောင်အရာရှိ ဒေးဗစ်ဂေးကလည်း ရော်နယ်ဒိုအနေနဲ့ မန်ယူအပေါ်မှာ သစ္စာရှိဖို့ တောင်းဆို လိုက်ပါတယ်။

အသက် (၂၃)နှစ်အရွယ် စီရော်နယ်ဒိုက ရီရဲလ်မက်ဒရစ်မှာ ကစားရရေးဟာ သူ့ရဲ့ အိမ်မက်ဖြစ်တယ်လို့ မကြာသေးမီက ထုတ်ဖော်ထားပါတယ်။

တောင်ပံလူရဲ့ မန်ယူနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၁၂ အထိ ရှိနေပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဂိုးပေါင်း (၄၂)ဂိုးသွင်းပြီး မန်ယူကို ပရီးမီးယားရှစ်မှာ ထပ်ဆင့် ချန်ပီယံနဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။


စီရော်နယ်ဒို