အိုဝင်ဟာ့ ဂဗေးဟာ ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ရာသီအကြို တောင်အာဖရိက ခြေစမ်းပွဲ ခရီးစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ဖာဂူဆန်က ကိတ်တောင်းမှာ ခြေစမ်းပွဲ (၄)ပွဲ ကစားဖို့ စီစဉ်ထားပြီး အဲဒီပွဲစဉ်တွေမှာ ဟာ့ဂဗေး၊ ဂိုးသမား ဗန်ဒါဆား၊ အီဗရာနဲ့ နာနီတို့ ပါဝင်မှာ မဟုတ်ပါဘူး။
ကွင်းလယ်လူ ဟာ့ဂဗေးဟာ မန်ယူရဲ့ ပြီးခဲ့တဲ့ စနေနေ့က Aberdeen ကို အနိုင်ရတဲ့ ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့ပြီး ကျန်တဲ့ ကစားသမား (၃)ယောက်ကတော့ ယူရိုပြိုင်ပွဲ ကစားထားရလို့ အနားယူ နေခြင်း ဖြစ်ပါတယ်။
ဖာဂူဆန်က “သူ့ရဲ့ ဒဏ်ရာက မနှစ်ဒဏ်ရာနဲ့ အတူတူပါပဲ။ အဲဒီဒဏ်ရာကို ဆေးထိုးပြီး ဖြေရှင်းနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
အာဖရိက ခရီးစဉ်မှာ ယူနိုက်တက်ရဲ့ နာမည်ကြီးတွေဖြစ်တဲ့ ၀ိန်းရွန်နီ၊ ဂစ်စ်၊ တယ်ဗက်ဇ်နဲ့ မနှစ်တုန်းက ခြေကျင်းဝတ် ဒဏ်ရာကြောင့် တော်တော်ကြာကြာ အနားယူနေရတဲ့ ဂယ်ရီ နဗီးလ်တို့ လိုက်ပါကြမှာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် နဗီးလ်ဟာ (၁၆)လကြာ အနားယူခဲ့ရပြီးနောက် အခုအခါမှာ ကြံ့ခိုင်မှု ပြည့်ဝလာပြီ ဖြစ်ပါတယ်။
|

ယူနိုက်တက် ကွင်းလယ်လူ အိုဝင်ဟာ့ ဂဗေး
|