DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
နည်းပြသစ် စကိုလာရီက အပယ်ခံ တိုက်စစ်မှူး ရှက်ဖ်ချင်ကို အနာဂတ် အစီအစဉ်မှာ ထည့်သွင်းဖို့ စီစဉ်နေ
အေအက်ဖ်ပီ - ဇူလိုင် ၁၆၊ ၂၀၀၈

ချဲလ်ဆီးနည်းပြသစ် လူးဇ် ဖိလစ်ပီ စကိုလာရီ တိုက်စစ်မှူး အင်ဒီ ရှက်ဖ်ချင်ကိုကို စတန်းဖို့ဘရစ်မှာပဲ ဆက်ထိန်းထားဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

အသက် (၃၁)နှစ်အရွယ် ယူကရိန်တိုက်စစ်မှူး ရှက်ဖ်ချင်ကိုဟာ အသင်းမှာ ပုံမှန်ကစားခွင့် မရတဲ့အတွက် ချဲလ်ဆီးကနေ ဒီနှစ်နွေရာသီမှာ အသဲအသန် အသင်းပြောင်းချင် နေပါတယ်။

အသင်းဟောင်း မီလန်က ရှီဗာကို ဆက်သွယ်မှုတွေ လုပ်နေသလို ဆမ်ဒိုးရီးယားကလပ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ပေးရမယ့် လစာနူန်းမြင့်မားလို့ အခက်တွေ့ နေပါတယ်။

စကိုလာရီကတော့ ရှက်ဖ်ချင်ကို အသင်းပြောင်းဖို့ စကားပြောဆိုနေတယ် ဆိုတာတွေကို ပယ်ချလိုက်ပြီး သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ တိုက်စစ်မှူးကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရာသီတုန်းက သူ (၁၂)ပွဲ ကစားခွင့်ရပြီး (၈)ဂိုးပဲ သွင်းနိုင်တာ မှန်ပါတယ်။ တကယ်လို့ သူ့ကို ကျနော် လေ့ကျင့်ရေးကွင်းမှာ တွေ့ပြီး ယုံကြည်မှုရရင် ကွင်းထဲမှာ ကစားခိုင်းမှာပါ” လို့ ဘရာဇီးသားနည်းပြက ပြောပါတယ်။

တချိန်တည်းမှာပဲ စကိုလာရီက ဗဟိုနောက်ခံလူ ရီကာဒို ကာဗယ်ဟိုအနေနဲ့လည်း အသင်းမှာပဲ ဆက်နေသွားလိမ့်မယ်လို့ ပြောပါတယ်။

ပေါ်တူဂီနောက်ခံလူ ကာဗယ်ဟိုဟာ အင်တာနည်းပြသစ် မော်ညင်ဟိုရဲ့ အ၀ယ်စာရင်းထဲမှာ ဖရန့် လမ်းပတ်နဲ့အတူ ထိပ်ဆုံးကနေ ပါရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။


ချဲလ်ဆီးမှာ ပုံမှန်နေရာမရ ဖြစ်နေတဲ့ တိုက်စစ်မှူး အင်ဒီ ရှက်ဖ်ချင်ကို