အက်စတွန်ဗီလာက ကွင်းလယ်လူ ဒေးဗစ် ဘန်တလေကို ကမ်းလှမ်းဖို့အတွက် အသဲအသန် ဖြစ်နေကြောင်း ဘလက်ဘန်းနည်းပြ ပေါအင့်စ်က ထုတ်ဖော်ပါတယ်။
အသက် (၂၃)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ဘလက်ဘန်းရဲ့ Macclesfield ကို အနိုင်ရတဲ့ မနေ့တုန်းက ရာသီအကြို ပွဲစဉ်မှာ လေ့ကျင့်ရေးကွင်းမှာရတဲ့ ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ကာယကံရှင် ဘန်တလေကလည်း ဘလက်ဘန်းကို စွန့်ခွာပြီး တော့တင်ဟမ်ကို ပြောင်းရွေ့ခြင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပေမယ့် အခုအချိန်အထိ ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ နည်းပြ အင့်စ်က ပြောပါတယ်။
“အက်စတွန်ဗီလာဆီကလည်း ကျနော်တို့ဆီကို ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော် သူ့ကို အသင်းမပြောင်း စေချင်ပါဘူး” လို့ နည်းပြ အင့်စ်က ပြောပါတယ်။
“လောလောဆယ် သူ ဒဏ်ရာ ရနေလို့ (၂)ရက်လောက်တော့ ကစားနိုင်မှာ မဟုတ်သေးပါဘူး။ မနက်ဖြန်ကျရင် ဂျာမဏီမှာလုပ်မဲ့ လေ့ကျင့်ရေး ခရီးစဉ်မှာ သူ့ကို ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ကွင်းလယ်လူ ဘန်တလေရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၁၁ အထိ ရှိနေသေးပေမယ့် ပေါင် (၁၇)သန်းလောက်ရရင် ဘလက်ဘန်းက ထုတ်ရောင်းဖို့ မျှော်လင့်နေပါတယ်။
နည်းပြသစ် အင့်စ် ပထမဆုံးတာဝန်ယူတဲ့ပွဲမှာ ဘလက်ဘန်းက Macclesfield ကို (၂ - ၁)နဲ့ အနိုင်ရ ခဲ့ပါတယ်။
|

ဘလက်ဘန်း ကွင်းလယ်လူ ဘန်တလေ
|