DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူနိုက်တက်က ဘာဘာတော့ပ်ကို တကျော့ပြန် စိတ်ဝင်စားနေကြောင်း အေးဂျင့်ဖြစ်သူ ထုတ်ဖော်
ရိုက်တာ - ဇူလိုင် ၁၅၊ ၂၀၀၈

မန်ချက်စတာယူနိုက်တက်က တော့တင်ဟမ် ဟော့စပါးစ် တိုက်စစ်မှူး ဘာဘာတော့ပ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပြောပါတယ်။

ဗြိတိသျှမီဒီယာတွေရဲ့ စောစောပိုင်းတုန်းက ရေးသားချက်တွေအရ ဥရောပနဲ့ ပရီးမီးယားရှစ် ချန်ပီယံ မန်ယူဟာ ပြောင်းရွေ့ကြေးအတွက် ပေါင်သန်း (၂၀) (ဒေါ်လာ ၃၉.၅၃ သန်း)နဲ့ တစ်ပတ်လုပ်ခလစာ ပေါင် (၈၀,၀၀၀)ပေးပြီး ဘာဘာတော့ပ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး ဘာာဘာတော့ပ်ရဲ့ အေးဂျင့် အီမယ် ဒန်ချက်က “မန်ယူနိုက်တက်က ဘာဘာတော့ပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်းကို ပြသပြီးပြီဆိုတာကို ကျနော် အတိအကျ သိပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ကျနော့်အနေနဲ့ မပြောချင်ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ယူနိုက်တက်ဟာ ဘူဂေးရီးယားတိုက်စစ်မှူးအတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွေ့ ကိစ္စတွေကို စုံစမ်းမေးမြန်းတာတွေ လုပ်ခဲ့ပေမယ့် ကာယကံရှင်က တော့တင်ဟမ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ယူရို (၁၆)သန်းနဲ့ ဘိုင်ယန် လေဗာကူဆင်ကနေ တော့တင်ဟမ်ကို ၂၀၀၆မှာ ပြောင်းတုန်းက ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ ဖူးပါတယ်။

ဘူဂေးရီးယားအသင်းခေါင်းဆောင်ဟာ ပရီးမီးယားရှစ် နှစ်ရာသီအတွင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဥရောပက ထိပ်တန်းကလပ်တော်တော်များများရဲ့ မျက်စီကျခြင်းကိုလည်း ခံနေရသူ ဖြစ်ပါတယ်။

သူဟာ တော့တင်ဟမ်ကိုရောက်တဲ့ ပထမ ပရီးမီးယားရှစ်ရာသီမှာပဲ (၂၃)ဂိုး သွင်းထားပါတယ်။


တော့တင်ဟမ် တိုက်စစ်မှူး ဘာဘာတော့ပ်