DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
၂၀၁၀ ကမ္ဘာ့ဖလားပြီးရင် နည်းပြအဖြစ်ကနေ အနားယူတော့မယ်လို့ အင်္ဂလန်နည်းပြ ကာပယ်လို ကြေညာ
အေဂျင်စီသတင်းများ - ဇူလိုင် ၂၅၊ ၂၀၀၈

ဖာဘီယို ကာပယ်လိုက အင်္ဂလန်နည်းပြအလုပ်ဟာ သူ့ဘ၀ရဲ့ နောက်ဆုံး နည်းပြအလုပ်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အသက် (၆၂)နှစ်အရွယ် အီတလီသားနည်းပြဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီမှာ (၄)နှစ်စာချုပ်နဲ့ အင်္ဂလန်နည်းပြတာဝန်ကို လက်ခံ လိုက်ပါတယ်။

ဘီဘီစီအားကစား အစီအစဉ်ကတော့ ကာပယ်လိုရဲ့ စာချုပ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြီးရင် ပြန်လည် သုံးသပ်ခံရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

“ကျနော် စာချုပ်သက်တမ်းပြည့်တဲ့အထိ နေသွားမှာပါ။ ဒါပေမယ့် ကျနော့်ရဲ့ နည်းပြဘ၀ကို အင်္ဂလန်အတွေ့အကြုံတွေနဲ့ အဆုံးသတ်သွားမှာပါ” လို့ ကာပယ်လိုက အီတလီစာစောင်တစ်ခုကို ပြောဆိုလိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့ နည်းပြဘ၀ကို ကမ္ဘာ့ဖလားမှာ အကြီးအကျယ် သက်ရောက်မှုရှိပြီးမှ အဆုံးသတ် ချင်ပါတယ်”

အင်္ဂလန်နည်းပြ ကာပယ်လိုက ဖရန့်လမ်းပတ်ကို ပရီးမီးယားရှစ်မှာပဲ ကစားတာကို ပိုပြီး သဘောကျကြောင်း အဆိုပါစာစောင်က ပြောပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ လမ်းပတ်ကို ဆရာဟောင်း မော်ညင်ဟိုရဲ့ အင်တာမီလန်က ဒီနှစ် အပြောင်းအရွေ့ဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ ပစ်မှတ်ထား နေပါတယ်။

“အင်္ဂလန်နည်းပြတစ်ယောက်အနေနဲ့ ပြောရရင် လမ်းပတ်ကို ခရီးသွားရလာရ နည်းတဲ့ အင်္ဂလန်မှာပဲ ကစားစေချင်ပါတယ်” လို့ ကာပယ်လိုက ထပ်ပြောပါတယ်။

မီလန်၊ ရီရဲလ်၊ ရိုးမားနဲ့ ဂျုဗင်တပ်နည်းပြဟောင်း ကာပယ်လိုက သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ အသက် (၃၃)နှစ်ရှိပြီ ဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်း ပါဝင်နေသေးကြောင်း ပြောပါတယ်။


အင်္ဂလန်နည်းပြ ကာပယ်လို