ဥရောပချန်ပီယံ စပိန်အသင်းက ရီရဲလ်မက်ဒရစ်နည်းပြဟောင်း ဗစ်ဆန်တဲ ဒယ် ဘော့စ်ကွစ်ကို နည်းပြသစ်အဖြစ် ၂၀၁၀အထိ တာဝန်ပေး လိုက်ပါတယ်။
အသက် (၅၇)နှစ်အရွယ် ဒယ် ဘော့စ်ကွစ်ဟာ စပိန်အသင်းကို ယူရိုချန်ပီယံဖြစ်အောင် လုပ်ပေးပြီး တူရကီကလပ် ဖာနာဘာချီကို ပြောင်းသွားတဲ့ နည်းပြဟောင်း လူးစ် အားဂိုးနက်စ်ရဲ့ နေရာမှာ အစားထိုး ၀င်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
စပိန်နည်းပြသစ်အနေနဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် သြဂုတ် (၂၀) ကိုပင်ဟေဂင်မှာ ဒိန်းမတ်နဲ့ ကစားမဲ့ ချစ်ကြည်ရေးပွဲကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
ဒယ် ဘော့စ်ကွီရဲ့ စပိန်အသင်းနဲ့အတူ ပထမဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲကို စက်တင်ဘာ (၆)က်နေ့ မူရာစီယာမှာ ဘော့စနီးယားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အိန်ဂျယ် မာရီယာ ဗယ်လာက “နည်းပြသစ်အတွက် သတင်းစာ ရှင်းလင်းပွဲကို မနက်ဖြန်မှာ ပြုလုပ်ဖို့ ရှိတယ်” လို့ ပြောပါတယ်။
ဘော့စ်ကွီဟာ ရီရဲလ်မက်ဒရစ်ကို လာလီဂါ ချန်ပီယံ (၂)ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ (၂)ကြိမ် ချန်ပီ ယံဖြစ်အောင် လမ်းညွှန်နိုင်ခဲ့ပေမယ့် ဥက္ကဌဟောင်း ဖလောရန်တီနို ပီရက်ဇ် လက်ထက်မှာ အထုတ်ခံ ရပါတယ်။
သူဟာ အဲဒီနောက် တူရကီကလပ် ဘီဆစ်တက်စ်မှာ နည်းပြလုပ်ခဲ့ပြီးနောက် စပိန်ဒုတိယ တန်းအသင်း Cadiz မှာ အားကစားဒါရိုက်တာအဖြစ်နဲ့ မနှစ်တုန်းက လုပ်ကိုင်ခဲ့ပါတယ်။
ကစားသမား ဘ၀တုန်းကလည်း ရီရဲလ်နဲ့အတူ လာလီဂါ ချန်ပီယံ (၅)ကြိမ်နဲ့ စပိန်ဖလား (၄)ကြိမ် ရရှိထားပါတယ်။
|

စပိန်နည်းပြသစ် ဒယ် ဘော့စ်ကွီ
|