DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပေါ်တူဂီက နည်းပြသစ်အဖြစ် မန်ယူလက်ထောက်နည်းပြ ကားလို့စ် ကွီရော့စ်ကို ခန့်အပ်
ဘီဘီစီ - ဇူလိုင် ၁၄၊ ၂၀၀၈

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) က နည်းပြသစ်အဖြစ် မန်ချက်စတာ ယူနိုက်တက် လက်ထောက် နည်းပြ ကားလို့စ် ကွီရော့စ်ကို ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာ လိုက်ပါတယ်။

ကွီရော့စ်ဟာ နူတ်ထွက်သွားတဲ့ ဘရာဇီးသားနည်းပြ လူဇ် ဖိလစ်ပီ စကိုလာရီရဲ့ နေရာမှာ (၄)နှစ်စာချုပ်နဲ့ ၀င်ရောက်မှာ ဖြစ်ပါတယ်။

နည်းပြသစ်အဖြစ် လက်ခံတဲ့ သတင်းစာရှင်းလင်းပွဲကို လာမယ့် (၁၆)ရက်နေ့မှာ တရားဝင် ပြုလုပ်သွားဖို့ ရှိပါတယ်။

“ကျနော့်တိုင်းပြည်အတွက် ပြန်ပြီး တာဝန်ထမ်းဆောင်ခွင့် ရတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်” လို့ နည်းပြသစ် ကားလို့စ် ကွီရော့စ်က ပြောပါတယ်။

“ပထမဆုံးနဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က တောင်အာဖရိကမှာ လုပ်မဲ့ ၂၀၁၀ ကမ္ဘာ့ဖ လားမှာ ခြေစစ်ပွဲ အောင်မြင်ရေးပါ”

နည်းပြသစ်အတွက် ပထမဆုံး ပွဲဦးထွက်ပွဲမှာ နောက်လထဲမှာ ဖာရိုကျွန်းစုနဲ့ ကစားဖို့ရှိတဲ့ ခြေစမ်းပွဲ ဖြစ်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွက် ဆွီဒင်၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ အယ်ဘေနီးယား၊ မော်လ်တာတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

နည်းပြဟောင်း စကိုလာရီဟာ ပေါ်တူဂီအသင်းကို (၅)နှစ်ခွဲကျော်ကြာ ကိုင်တွယ်ပြီးနောက် ပရီးမီးယားရှစ်မှာ မန်ယူကို စိန်ခေါ်နိုင်ဖို့အတွက် ချဲလ်ဆီးကို ပြောင်းရွေ့သွားပါတယ်။

အသင်းဟောင်း မန်ယူနိုက်တက်နဲ့ ပက်သက်လို့ ကွီရော့စ်က “ပေါ်တူဂီအသင်းမှာ နည်းပြလုပ်နိုင်အောင် အစစအရာရာ ကူညီပေးတဲ့ မန်ယူကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ကွီရော့စ်ဟာ မန်ယူမှာ ဖာဂူဆန်ရဲ့ လက်ထေက်နည်းပြကို စရောက်တဲ့ ၂၀၀၂၊ ၀၃ ရာသီမှာ ပရီးမီးယားရှစ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

မန်ယူ ချန်ပီယံဖြစ်ရခြင်းဟာ ကွီရော့စ် အစွမ်းအစတွေလည်း ပါဝင်တာကြောင့် နောက်တစ် ရာသီမှာ ရီရဲလ်က သူ့ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီး ရာသီအစမှာ တာထွက်ကောင်း ပေမယ့် ရာသီအဆုံးမှာ အဆင့် (၄)နဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု မရလို့ အထုတ်ခံလိုက် ရပါတယ်။ အဲဒီနောက် သူဟာ မန်ယူနိုက်တက်ကို ပြန်လာခဲ့ပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်က “ကားလို့စ်က ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က အသေးစိတ်ပြီး မန်ယူရဲ့ မကြာသေးခင် အောင်မြင်မှုတွေမှာ သူ့ရဲ့ အစွမ်းအစတွေ အများကြီး ပါပါတယ်” လို့ ချီးကျုးပါတယ်။


ပေါ်တူဂီနည်းပြသစ် ကားလို့စ် ကွီရော့စ်