စပိန်အသင်းဟာ ယူရို ၂၀၀၈ပြိုင်ပွဲမှာ ဂျာမဏီကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားလို့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ် မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ရောက်လာပါတယ်။
ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်မှာ အခုလို ထိပ်ဆုံးရောက်လာခြင်းဟာ စပိန်အသင်းအတွက် ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
စပိန်က ထိပ်ဆုံးကို ရောက်လာတဲ့အတွက် ကမ္ဘာ့ချန်ပီယံ အီတလီက အဆင့် (၁)နေရာကနေ ဖယ်ပေးလိုက်ရပြီး ဘရာဇီးက အဆင့် (၄)နဲ့ ဂျာမဏီက အဆင့် (၃)နေရာကို တက်လာပါတယ်။
ဖီဖာက နောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် -
၁။ စပိန်
၂။ အီတလီ
၃။ ဂျာမဏီ
၎။ ဘရာဇီး
၅။ နယ်သာလန်
၆။ အာဂျင်တီးနား
၇။ ခရိုအေရှား
၈။ ချက်
၉။ ပေါ်တူဂီ
၁၀။ ပြင်သစ်
|

ယူရို၂၀၀၈ ချန်ပီယံဆုဖလားကြီးနဲ့အတူ စပိန်အဖွဲ့သားတွေ အောင်ပွဲခံနေစဉ်
|