DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
မြန်မာ့အားကစား
AFC Challenge Cup ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဘရာဇီးနည်းပြ မားကို့စ်ဖလော်ပါနှင့် တွေ့ဆုံခြင်း
ကိုစိုးမိုး (IBC) - ဇူလိုင် ၂၉၊ ၂၀၀၈

တစ်ချိန်က ဒေသတွင်းနှင့် အာရှအဆင့်တွင်ပါ မြင့်မားသည့်အောင်မြင်မှုများရခဲ့ပြီး ကမ္ဘာ့အိုလံ ပစ်အဆင့်ထိပင် ထိုးဖောက်ဝင်ဆံ့ခဲ့ဖူးသော မြန်မာ့ဘောလုံးအဆင့်အတန်းမှာ သည်ဘက်ခေတ်တွင် အကြောင်းအမျိုးမျိုး၊ အားနည်းချက်အမျိုးမျိုးကြောင့် အာဆီယံဒေသတွင်း၏ ထိပ်ပိုင်းအဆင့်ပင် မ၀င် တော့ စိတ်ပျက်ဖွယ်တွေ့နေရဆဲပင်။ မြန်မာဘောလုံးအသင်းနိုင်ငံတကာ လက်ရွေးစင်အဆင့်ပြိုင်ပွဲ ကြီးများတွင် အောင်မြင်မှုဝေးကွာနေရသည့် အားနည်းချက်အကြောင်းအရင်းများစွာထဲတွင် ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်နေသော နည်းစနစ်၊ နည်းဗျူဟာပိုင်းဆိုင်ရာ အားနည်းနေသေးသည့် အချက် ကလည်း အဓိကအခန်းကပါဝင်နေသည်။ ထိုအချက်ကို မြန်မာ့ဘောလုံးအာဏာပိုင်များက လည်း သိမြင်သဘောပေါက်ပြီး မြန်မာအသင်းကို နိုင်ငံတကာပြိုင်ပွဲများတွင် အဆင့်မီယှဉ်ပြိုင်နိုင်ရန် နှင့် အောင်မြင်မှုရစေရန်အတွက် နိုင်ငံခြားနည်းပြဆရာအမျိုးမျိုး မြန်မာနည်းပြဆရာများအတွက် ကုန်ကျရသည့်ငွေကြေးထက် အဆပေါင်းများစွာ ငွေကုန်ကြေးကျခံကာ ငှားရမ်းတာဝန်ပေးခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။


လေ့ကျင့်ရေးကွင်းမှာ ဘရာဇီးနည်းပြ ဖလော်ပါက မြန်မာကစားသမားတွေကို လမ်းညွှန်နေစဉ်

မြန်မာနည်းပြဆရာများထက် ပိုတော်မည်ထင်၍ အသင်းကိုပိုအောင်မြင်အောင် စွမ်းဆောင် ပေးနိုင်မည်ထင်၍ ငွေကုန်ကြေးကျများစွာခံကာ နိုင်ငံခြားနည်းပြဆရာများကို ငှားရမ်းခဲ့ခြင်းလည်း ဖြစ်သည်။ ၁၉၆၀ နောက်ပိုင်းကာလကိုပဲ တွက်ကြည့်လျှင် မြန်မာအသင်းအတွက် ငှားရမ်းခဲ့သော နိုင်ငံခြားနည်းပြအရေအတွက်မှာ ၁၀ ဦးလောက်ပင်ရှိနေပေပြီ။ သို့သော် မြင့်မားသည့်အောင်မြင်မှု တော့မရခဲ့။ တိတိကျကျပြောရလျှင် ၁၉၉၃ ခုနှစ်က ဟော်လန်နည်းပြ ဂါးဘလောက် လက်ထက်တွင် ဆီးဂိမ်းငွေတံဆိပ်၊ ယခုဘရာဇီးနည်းပြ မားကို့စ်ဖလော်ပါလက်ထက်တွင်လည်း ၂၀၀၇ ဆီးဂိမ်းတွင် ငွေတံဆိပ်တစ်ခုသာအမြင့်ဆုံးရခဲ့ဖူးသေးသည်။ မြန်မာနည်းပြဆရာ ဦးဆန်းဝင်းရခဲ့ဖူးသေးသည့် မှတ် တမ်းရှိခဲ့သည်။ ထိုရွှေတံဆိပ်ကလည်း နှစ်ပေါင်း ၃၆ နှစ်ကြာမှ မြန်မာ့လက်ရွေးစင်အသင်းအနေ ဖြင့် ပထမဆုံးပြန်ရယူနိုင်ခဲ့သော ချန်ပီယံရွှေတံဆိပ်ဖြစ်သည်။

ထိုသို့ပြော၍ နိုင်ငံခြားနည်းပြများကို ငှားရမ်းရန် မလိုတော့ဟိုဆိုလိုခြင်းမဟုတ်။ မြန်မာအသင်း များ နိုင်ငံတကာပြိုင်ပွဲများတွင် ချန်ပီယံရွှေတံဆိပ်မရခဲ့ခြင်းမှာ ငှားထားခဲ့သော နိုင်ငံခြားနည်းပြ ညံ့လွန်း၍ချည်းပဲတော့ မဟုတ်ပေ။ အခြားသော အထွေထွေအားနည်းချက်များကြောင့်လည်း ဖြစ် သည်။ ပရိုဆန်ဆန် စဉ်းစားလျှင်တော့ နိုင်ငံခြားနည်းပြကို ပရိုဆန်ဆန် သူ့စိတ်ကြိုက်လုပ်ခွင့်ပေး ထားခဲ့လျှင်တော့ လုပ်နိုင်အောင်လည်း ပံ့ပိုးပေးထားနိုင်လျှင်တော့ အသင်းမအောင်မြင်မှုအတွက် နည်းပြချုပ်အဖြစ် တာဝန်ယူထားသည့် နိုင်ငံခြားနည်းပြမှာ တာဝန်အရှိဆုံးဖြစ်လာပါမည်။ စင်စစ် ပြည် တွင်းနည်းပြဆရာတိုင်းတွင်ပင် အရည်အချင်းကောင်းကိုယ်စီရှိနေတတ်ကြရာ သူတစ်ပါးနိုင်ငံ တွင် ပရိုနည်းပြအဖြစ် လာရောက်တာဝန်ယူတိုင်တွယ်ကြသော နိုင်ငံခြားနည်းပြဆရာများတွင် နည်း စနစ်ပိုင်းအရ ဖြစ်စေ၊ လေ့ကျင့်မှုအပိုင်းအရဖြစ်စေ၊ ကစားသမားများအပေါ် စီမံအုပ်ချုပ်မှုအပိုင်းအရ ဖြစ်စေ စနစ်ကျသော အရည်ချင်းကောင်းတွေ တစ်ခုမကရှိနေမည်သာပင်။ ထို့ကြောင့်သာ မြန်မာ နည်းပြများထက် အဆပေါင်းများစွာ ၀န်ဆောင်ခပေး၍ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ယခုလည်း ဘရာဇီးနည်းပြ မာကို့စ်ဖလော်ပါ တာဝန်ယူနေသော မြန်မာလက်ရွေးစင်အမျိုးသား အသင်းမှာ ယခုလ ၃၀ ရက်မှ သြဂုတ်လ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပတော့မည့် AFC Challenge Cup ဘောလုံးပြိုင်ပွဲဝင်ရန် ရှိနေသည်။ ယင်းပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းများ၊ ပါ ၀င်သည့်အသင်းများအနေအထားနှင့် မြန်မာအသင်းရွေးချယ်လေ့ကျင့်ပြင်ဆင်မှုများနှင့် ပတ်သက်၍ စာရေးသူဆောင်းပါးအချို့ကို ရေးသားတင်ပြခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲအတွက် အပြီးသတ်ပြင် ဆင်ထားမှု၊ အသုံးပြုမည့်လူနှင့် ကစားကွက်ပုံစံများအပါအ၀င် ဘရာဇီးနည်းပြဖလော်ပါအနေဖြင့် ပြိုင် ပွဲတွင်မည်မှာ မျှော်မှန်းထားသည်များကို သူတို့အဖွဲ့ အိန္ဒိယနိုင်ငံသို့ မထွက်ခွာမီ ဘရားဇီးနည်းပြ ဖ လော်ပါအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ခြင်းကို ပရိသတ်များသိအောင် ပြန်တင်ပြလိုက်ပါသည်။

မေး - ခင်ဗျား အခုရွေးထားတဲ့ ၂၃ ယောက်က လက်ရှိခင်ဗျား စိတ်ကြိုက်အတွေ့ဆုံကစား သမားတွေဆိုတော့ သူတို့ခြေစွမ်းအပေါ် အားရကျေနပ်မှု ရှိနေပြီပေါ့။

ဖြေ - ဟုတ်ပါတယ်၊ မြန်မာဘောလုံးသမားတိုင်းဟာ ဘောလုံးအခြေခံကောင်းလေးတွေကို ကိုယ်စီရှိကြသလို၊ စိတ်ဓာတ်ပြင်းပြင်းနဲ့လည်း ကြိုးစားတတ်ကြလို့ ကျွန်တော်ကျေနပ်ပါတယ်၊ ကျွန်တော်လေ့ကျင့်ပေးတဲ့ပုံစံကိုလည်း ရာနှုန်းပြည့်နီးပါး လိုက်လုပ်နိုင်ကြလို့ အားရမိပါတယ်။

မေး - ရာနှုန်းပြည့်နီးပါး လိုက်လုပ်နိုင်တယ်ဆိုတော့ ရာနှုန်းပြည့်တော့ လုပ်မလုပ်နိုင်သေးဘူး ပေါ့။ ဒီကစားသမားတွေ ၉၅% ဟာ ခင်ဗျား လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိုင်တွယ်ခဲ့ဖူးတဲ့ လူဟောင်း တွေပဲလေ။

ဖြေ - ဟုတ်ပါတယ်၊ ကစားသမားတွေအားလုံးနီးပါးဟာ ကျွန်တော် ကိုင်တွယ်ခဲ့ဖူးတဲ့ လူ ကောင်းတွေပါ၊ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့အသင်းဟာ စုပေါင်းလေ့ကျင့်ချိန် ၁ လနီးပါးလောက်ပဲရပြီး အဲဒီကာလမှာလည်း ကစားသမားတွေက ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်တွေကစားခဲ့ရ တော့ လူစုံလေ့ကျင့်ရတာ ၁၀ တောင် မပြည့်ပါဘူး။ ဒီတော့ ကျွန်တော်လိုချင်တဲ့ အနေအထားအထိ တော့ သူတို့ဘောလုံးပညာပိုင်းမှာ လိုအပ်ချက်လေးတွေ ရှိနေကြသေးတယ်။ တချို့ကတော့ ဘောလုံးပညာကောင်းပေမယ့် ပါဝါနဲ့ ကစားအားက အကောင်းဆုံးအနေအထား ရှိမနေပြန်ဘူး။ ဒါ ကြောင့် ကျွန်တော်လိုချင်တဲ့အတိုင်းအတာအထိ အပြည့်အ၀လုပ်လို့ မရသေးဘူးလို့ ပြောတာပါ။

မေး - ဘယ်လိုပဲဖြစ်ဖြစ် အခုပြိုင်ပွဲသွားရတော့မှာဆိုတော့ ခင်ဗျားအသင်းဟာ ပြိုင်ပွဲဝင်အနေ အထား ဖြစ်နေပြီလို့ ဆိုနိုင်ပြီလား။

ဖြေ - အသင့်ရှိနေပါပြီ။

မေး - ပြိုင်ပွဲမှာတော့ သင့်တော်သလို ကစားကွက်ပုံစံချမှာပေါ့နော်။ ဒါနဲ့ ခင်ဗျားရဲ့ အကောင်း ဆုံးတာထွက်လူစာရင်းက အရင်းအတိုင်းပဲလား ။ ဂိုး အောင်အောင်ဦး၊ နောက်တန်းမှာ ခင်မောင် လွင်၊ မိုးဝင်း၊ အေးဆန်း (သို့) သူရအောင်၊ မင်းသူ၊ အလယ်မှား မျိုးမင်းထွန်း၊ အောင်မျိုးသန့်၊ ဇော် ထက်အောင်၊ ရာဇာဝင်းသိန်းနဲ့ ရှေ့မှာ စိုးမြတ်မင်းနဲ့ ရန်ပိုင်ပဲပေါ့။ ဟုတ်ပါသလား။

ဖြေ - ခင်ဗျားမှန်းတာ သိပ်နီးစပ်ပါတယ်။ ဒါပေမယ့် တကယ့်ပွဲကစားတဲ့အချိန်မှာ ကစားသမား တွေရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမန်းအနေအထားကိုကြည့်ပြိး ကျွန်တော်လိုအပ်သလို ပြောင်းလဲကစားမှာပါ။ ကစားကွက်ပုံစံကလည်း ပြိုင်ဘက်အနေအထားနဲ့ ပွဲအခြေအနေကိုကြည့်ပြီး သုံး၊ လေးမျိုးလောက် ပြောင်းကစားဖို့ လေ့ကျင့်ထားပါတယ်။

မေး - ကျွန်တော်တွေ့သလောက် ရန်ပိုင်နဲ့ စိုးမြတ်မင်းက ဂိုးသွင်းဖို့ အဓိကတာဝန်ယူပြီး ရာဇာ ၀င်းသိန်း၊ မျိုးမင်းထွန်း၊ အောင်မျိုးသန့်တို့ကလည်း အခြေအနေပေးရင် ပေးသလို ဂိုးသွင်းဖို့ ကြိုးစား မယ့်ကစားကွက်ကို အဓိကတည်ထားတာတွေ့ရတယ်၊ စည်သူဝင်း ထူးထူးခြားခြားခြေတက်လာတာ နဲ့ လူသစ်ထွန်းဆင်းဦးကို ရွေးထားတဲ့အနေအထားကိုရော ရှင်းပြပါဦး။ လောလောဆယ် သူတို့က Super sub ပဲပေါ့။

ဖြေ - ခင်ဗျားလေ့လာထားသလိုပဲ။ ကျွန်တော်ကစားကွက်ဟာ သိပ်မရိုးပေမယ့် ဆန်းလည်း မဆန်းပါဘူး။ စည်သူဝင်း တော်တော်ကောင်းလာတာ ကျွန်တော်တို့အတွက် သိပ်ကောင်းပါတယ်။ စိုးမြတ်မင်းနဲ့ ရန်ပိုင်တစ်ယောက်ယောက် ကြံ့ခိုင်မှု၊ ကစားအားကျသွားရင် သူဝင်ရမှာပါ။ တစ်ချို့ပွဲ တွေမှာလည်း စည်သူဝင်းကို တာတွက်သုံးဖြစ်ရင် သုံးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ ဘောလုံးကိုင်နိုင်တယ်၊ တစ်ဘက်နောက်တန်းကို ပုံစံအမျိုးမျိုးနဲ့ လှည့်စားတတ်တယ်။ ဂိုးကို ကြုံသ လို သွင်းတတ်တယ်။ လူသစ်ထွန်းမင်းဦးလည်း တော်တော်ကောင်းပါတယ်။

မေး - အခုအနေအထားအရ ကွင်းလယ်နဲ့ တိုက်စစ်က တော်တောင်ကောင်းနေပြီဆိုတော့ ခံ စစ်ပိုင်းကရော ဇော်လင်းထွန်းလို ကစားသမားမပါနိုင်တော့ အားနည်းသွားနိုင်မလား။

ဖြေ - မရှိပါဘူး။ အကောင်းဆုံးအနေအထားရအောင် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ လို အပ်ရင် ကွင်းလယ်ကစားသမားတွေကို ခံစစ်နေရာလိုက်ဖြည့်ကစားဖို့ ကျွန်တော်လေ့ကျင့်ပေးထား ပါတယ်။

မေး - ဒီပြိုင်ပွဲက အာရှနဲ့ အာဆီယံထိပ်သီးအသင်းတွေမပါတော့ သိပ်မခက်လောက်ဘူးလို့ ထင်လား။ အုပ်စုတွင်းပြိုင်ဘက်တွေ အနေအထားရော ဘယ်လောက်သိထားလဲ။ ဘယ်လိုလေ့လာ ထားလဲ။

ဖြေ - ခင်ဗျားပြောသလို ဒီပြိုင်ပွဲက သိပ်မခက်လောက်ဘူးဆိုပေမယ့် ပြိုင်ဘက်အသင်းအများ စုရဲ့ ခြေစွမ်းဟာ ကျွန်တော်တို့ထက် မနိမ့်ပါဘူး။ ကြိုတင်ပြင်ဆင်မှုအပိုင်းကလည်း ကျွန်တော်တို့ ထက် သာပါတယ်။ ပြိုင်ဘက်တွေအနေအထားကို အခြေအနေအရ အသေးစိတ်လေ့လာထားနိုင်မှု တော့ မရှိပါဘူး။ ဒါပေမယ့် ဘယ်ပြိုင်ဘက်ကိုမှတော့ အထင်မသေးပါဘူး။ ကျွန်တော်တို့အုပ်စုက မြောက်ကိုရီးယားဆိုရင် အာရှအဆင့်ရှိတဲ့ အသင်းကြီးပဲ။ သီရိလင်္ကာဆိုရင်လည်း ၂၀၀၆ ပြိုင်ပွဲတုန်း က ဗိုလ်လုပွဲအထိတက်ခဲ့တာဆိုတော့ အကောင်းဆုံးကစားနိုင်မှ ဆီမီးတက်ဖို့ ကျွန်တော်တို့ မျှော်လင့်နိုင်မှာပါ။

မေး - အုပ်စုပွဲစဉ်အနေအထားအရတော့ အုပ်စု (ခ) မှာ မြန်မာအသင်းဟာ အားအနည်းဆုံး ဖြစ်နေတဲ့ နီပေါနဲ့ အရင်ကစားပြီးမှ သီရိလင်္ကာ၊ မြောက်ကိုရီးယားတို့နဲ့ ကစားရမှာဆိုတော့ ကစား တတ်ရင် ဆီမီးတက်ဖို့ သိပ်မခက်ဘူးလို့ ထင်တယ်။ နည်းပြချုပ် တစ်ယောက်အနေနဲ့ ခင်ဗျားက ရော ဘယ်အဆင့်ထိ မျှော်လင့်ထားလဲ။ ကျွန်တော်တို့ အားလုံးလိုချင်တာကတော့ ချန်ပီယံဆုပဲလေ။

ဖြေ - အုပ်စုပွဲစဉ်အနေအထားက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီး ဆုံး နီပေါနဲ့ပွဲဦးထွက်ကိုနိုင်ဖို့ အရေးကြီးပါတယ်။ ဒီပွဲကို အရင်ဆုံးသေချာပြင်ဆင်ကစားရ မှာပါ။ ခင်ဗျားပြောသလို ဆီမီးတက်ဖို့တော့ အလားအလာကောင်းပါတယ်။ ဒါပေမယ့် ဘောလုံးဆို တာ သိတဲ့အတိုင်းပဲ။ ဘာမှကြိုပြောလို့တော့ မရပါဘူး။ ကျွန်တော်တို့ကတော့ ဗိုလ်စွဲဖို့အထိ မျှော်မှန်း ပြီး အစွမ်းကုန်ကြိုးစားမှာပါ။ ဒါကတော့ အမှန်တရားပဲ။

မေး - တစ်ဘက်အုပ်စုက လက်ရှိချန်ပီယံ တာဂျစ်ကစ္စတန်၊ တာမင်နစ္စတန်၊ အာဖဂန်နစ္စတန် နဲ့အိမ်ရှင်အိန္ဒိယတို့ ပါနေတော့ ဘယ်အသင်းတက်လာမယ်ထင်လဲ။

ဖြေ - ဒါလည်း မှန်းရခက်ပါတယ်။ ကျွန်တော်အထင်ပြောရရင်တော့ အိမ်ရှင်း အိန္ဒိယ တာဂျစ်ကစ္စတန်၊ တာမင်နစ္စတန် ၃ သင်းထဲက နှစ်သင်းတက်လာမယ်ထင်တယ်။