DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
စပိန်အသင်းပေါ် လွဲမှား ဝေဖန်နေတာတွေကို ချေဖျက်ဖို့ အချိန်တန်ပြီလို့ နည်းပြ အာဂိုးနက်စ် ပြောဆို
ဘီဘီစီ - ဇွန် ၂၇၊ ၂၀၀၈

ယူရို ၂၀၀၈ပြိုင်ပွဲမှာ စပိန်အသင်းအပေါ် အထင်သေးပြီး ဝေဖန်နေတာတွေကို မှားယွင်းတဲ့အကြောင်း သက်သေပြဖို့အတွက် ဆန္ဒတွေ တဟုန်ထိုး ဖြစ်ပေါ်နေတယ်လို့ နည်းပြ လူးဝစ် အာဂိုးနက်စ်က ပြောပါတယ်။

စပိန်ဟာ မနေ့ညက ဆီမီးဖိုင်နယ်မှာ ရုရှားကို အနိုင်ယူပြီး (၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဓိကကျတဲ့ ဘောလုံးပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲမှာ ဂျာမဏီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြ အာဂိုးနက်စ်က “စော်ကားတာကလွဲရင် ဝေဖန်မှုတွေက ကျနော့်ကို အများကြီး သင်ကြားပေးပါတယ်။ ဒါက ကျနော့်ကို အကောင်းဆုံးတွေ လုပ်နိုင်အောင် နိုးဆွပေးပါတယ်” လို့ ပြောပါတယ်။

အသက် (၆၉)နှစ်အရွယ် အာဂိုးနက်စ်ရဲ့ စပိန်အသင်းဟာ ၁၉၆၄မှာ ဥရောပချန်ပီယံဖြစ်ပြီးနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေတာ အခုတိုင်အောင် ဖြစ်ပါတယ်။

တူရကီကလပ် ဖာနာဘာချီက ယူရိုပြိုင်ပွဲပြီးရင် နည်းပြသစ်အဖြစ် အာဂိုးနက်စ်ကို ခန့်အပ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာခဲ့ပေမယ့် ကာယကံရှင်ကတော့ ငြင်းဆို သွားပါတယ်။

ဘာလို့ သူတို့ အဲဒီလိုမျိုး လုပ်သလဲဆိုတာ ကျနော် နားမလည်ပါဘူး။ ကျနော် သူတို့နဲ့ လက်မှတ် မထိုးရသေးပါဘူး။ စပိန်အသင်းက ဆက်နေဖို့ ကမ်းလှမ်းချက်ကိုတောင် ကျနော် ငြင်းထားပါတယ် လို့ အာဂိုးနကစ်က ထပ်ပြောပါတယ်။

သူဟာ ကစားသမား ဘ၀တုန်းက စပိန်အသင်းအတွက် (၁၁)ပွဲ ကစားပေးခဲ့ပြီး ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ဆာဗီလာ၊ ဗယ်လန်စီယာနဲ့ မာယောကာတို့မှာ ကစားခဲ့ ဖူးပါတယ်။


စပိန်နည်းပြ အာဂိုးနက်စ်