DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
(၆)လစာ လျော်ကြေးငွေကို ပိုက်ပြီး အီတလီနဲ့ နည်းပြ ဒိုနာဒိုနီတို့ လမ်းခွဲရဖွယ်ရှိ
ဘီဘီစီ - ဇွန် ၂၅၊ ၂၀၀၈

အီတလီအသင်းဟာ ယူရို၂၀၀၈ပြိုင်ပွဲ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ရော်ဘတ်တို ဒိုနာဒိုနီနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတယ်လို့ ဘီဘီစီ အားကစားအစီအစဉ်က ခန့်မှန်းပါတယ်။

လောလောဆယ်မှာ အီတလီဘောလုံးအဖွဲ့ချုပ်က အတည်ပြု ပြောဆိုတာ မရှိသေးပေမယ့် မီဒီယာတွေကတော့ လာမယ့်အပတ်ထဲမှာ အဲဒီကိစ္စအတွက် အစည်းအဝေး လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

ကောလဟလသတင်းတွေက အီတလီဘောလုံးအဖွဲ့ချုပ်က ခန့်မှန်းခြေ ယူရို (၅၅၀,၀၀၀) ပမာဏရှိတဲ့ (၆)လစာ ပေးပြီး ဒိုနာဒိုနီကို ထုတ်ပယ်တော့မယ်လို့ ဆိုပါတယ်။

နည်းပြ ဒိုနာဒိုနီဟာ ၂၀၀၆ ကမ္ဘာ့ဖလားအပြီးမှာ အီတလီအသင်းကို တာဝန်ယူခဲ့ပြီး ယူရို ၂၀၀၈ ပြိုင်ပွဲမစခင်လေးမှာ စာချုပ်သက်တမ်း (၂) နှစ် တိုးခဲ့ခြင်း ဖြစ်ပါတယ်။

နူတ်ထွက်မှာလား ဆိုတဲ့ အမေးကို ဒိုနာဒိုနီက “ကျနော့် ဦးနှောက်ထဲမှာ ဒါမျိုးတခါမှ မတွေးဖူးပါဘူး။ အကြောင်းပြချက်လည်း မရှိပါဘူး။ ကျနော်တို့ရှုံးတာက ပင်နယ်တီမှာပါ။ ကျနော်တို့ စကားပြောဖို့ ရှိပါတယ်။ ဒီအလုပ်ကို ကျနော် ဆက်လုပ်ဖို့ ထိုက်တန်တယ်လို့တော့ မပြောချင်ပါဘူး” လို့ ပြောပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌကတော့ လာမယ့်ရက်တွေအတွင်းမှာ ဆုံးဖြတ်ချက် တစုံ တရာ ချမှတ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိနည်းပြ ဒိုနာဒိုနီရဲ့ နေရာအတွက် အီတလီအသင်းကို ၂၀၀၆မှာ ကမ္ဘာ့ဖလားရအောင် ယူပေးခဲ့တဲ့ နည်းပြဟောင်း မာဆယ်လို လစ်ပီ ရေပန်းစား နေပါတယ်။


သတင်းစာရှင်းလင်းပွဲက အီတလီနည်းပြ ဒိုနာဒိုနီ