DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အုပ်စုမှာ ခြေစွာတဲ့ ပေါ်တူဂီကို ခြေစွမ်းပြ ဖြတ်ကျော်ပြီး ဂျာမဏီအသင်း ဆီမီးဖိုင်နယ်ကို တက်ရောက်
အေဂျင်စီသတင်းများ - ဇွန် ၂၀၊ ၂၀၀၈

ဂျာမဏီအသင်းဟာ မနေ့ညက ယူရိုကွားတားဖိုင်နယ်မှာ နာမည်ကြီး ပေါ်တူဂီကို (၃ - ၂)နဲ့ အနိုင်ယူပြီး ဆီမီးဖိုငိနယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဂျာမန်အသင်းရဲ့ အဖွင့်ဂိုးကို လူကစ်စ် ပိုဒေါစကီးရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကနေ တဖက်နောက်ခံလူ ဖာရာရာ ကပ်ထာားတဲ့ကြားကနေ ရှဝိန်းစနိုက်ဂါက (၂၂)မိနစ်မှာ ကန်သွင်းယူပါတယ်။

နောက် (၄)မိနစ်အကြာမှာ ဒုတိယဂိုးကို ရှဝိန်းစနိုက်ဂါရဲ့ ဖရီးကစ်ကနေ ကလိုဆေးက ပေါ်တူဂီဂိုးသမား ရီကာဒိုကို ကျော်ချပြီး ခေါင်းတိုက် သွင်းယူပါတယ်။
ဂျာမန်အသင်းဟာ ပွဲစတာနဲ့ ခပ်မြန်မြန်နဲ့ ကစားရှိန်မြင့်ပြီး အတင်းဝင် အတင်းထွက် ကစားသွားလို့ ပေါ်တူဂီအသင်းအနေနဲ့ ကစားကွက် ကောင်းကောင်းတည်လို့မရဘဲ ဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းမှာ အားကိုးရတဲ့ ခရစ်စတီယာနို ရော်နယ်ဒိုလည်း ဒီပွဲမှာ ကောင်းကောင်း ခြေစွမ်းမပြနိုင်လို့ တဖက်နောက်တန်းကို မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

(၄၁)မိနစ်မှာ ပေါ်တူဂီအသင်းအတွက် ချေပဂိုးကို ဘယ်တောင်ပံကနေ ရော်နယ်ဒို ထိုးဖောက် ကန်သွင်းတာ ဂိုးသမား လေမန်းနဲ့ ထိပြီး ပြန်ထွက်လာတဲ့ အလုံးကို နူနူဂိုမက်စ်က ထပ်ဆင့် ကန်သွင်းယူပါတယ်။

ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာ ပေါ်တူဂီအသင်းက ချေပဂိုး သွင်းနိုင်ဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ဂျာမန်ဖက်ကို ပြန်လည် ထိုးဖောက် ကစားနိုင်ပေမယ့် ဂိုးသွင်းမသေချာတာနဲ့ အဆုံးသတ် မကောင်းလို့ ဂိုးမရဘဲ ဖြစ်နေပါတယ်။

ပေါ်တူဂီအသင်းရဲ့ မျှော်လင့်ချက်တွေဟာ (၆၂)မိနစ်မှာ ဖရီးကစ်ကနေတဆင့် ဘာလက်က ဂျာမန်အတွက် ခေါင်းတိုက်ပြီး တတိယဂိုး သွင်းလိုက်တဲ့အချိန်မှာ ပျက်စီးသွားပါတယ်။

တတိယချေပဂိုး သွင်းနိုင်ဖို့ ပေါ်တူဂီအသင်း ကြိုးစားပေမယ့် ချေပဂိုးရချင်ဇောနဲ့ စိတ်လှုပ်ရှားမှုများနေပြီး အဆုံးသတ် မကောင်းသလို ဂျာမန်အသင်းဖက်ကလည်း ခံစစ်ကြောင်းကို အသေပိတ်ပြီး ကစားသွားပါတယ်။

(၈၇)မိနစ်မှာ ပေါ်တူဂီအတွက် ဒုတိယချေပဂိုးကို လူစားဝင်လာတဲ့ ပိုစတီဂါက ဘယ်တောင်ပံ ဖြတ်တင်ဘောကနေ အနီးကပ် ခေါင်းတိုက် သွင်းယူပါတယ်။

လက်ကျန်မိနစ်မှာ ဂိုးထပ်မသွင်းနိုင်လို့ နည်းပြ စကိုလာရီရဲ့ ပေါ်တူဂီအသင်းဟာ ကွာတားအဆင့်ကနေပဲ အိမ်ပြန်ခဲ့ ရပါတယ်။

ဂျာမဏီအသင်းဟာ (၂၄)ရက်နေ့မှာ ကစားမယ့် ဆီမီးဖိုင်နယ်မှာ ဒီညမှာ ကစားကျမယ့် ခရိုအေးရှားနဲ့ တူရကီတို့နှစ်သင်းထဲက နိုင်တဲ့အသင်းနဲ့ တွေ့မှာ ဖြစ်ပါတယ်။


ပေါ်တူဂီဖက်ကို ဂျာမန်တိုက်စစ်မှူး ရှဝိန်းစနိုက်ဂါ အဖွင့်ဂိုး သွင်းယူနေစဉ်