မထင်မှတ်တဲ့ရလဒ်အချို့ မကြာခဏထွက်ခဲ့ပြီး ပရိသတ်ကို ခံစားမှုပေါင်းစုံဖြစ်ပေါ်စေခဲ့တဲ့ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးဟာ အခုဆိုရင် ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာပါပြီ။ ပြိုင်ပွဲမစမီက ရေပန်းစားခဲ့တဲ့ နာမည်ကြီးအသင်းတွေထဲက အသင်းအချို့ဟာ အုပ်စုအဆင့်မှာပဲပြုတ်သွားခဲ့ပြီ။ မ မျှော်လင့်ထားတဲ့အသင်းအချို့ ကွာတားတက်လာနိုင်ခဲ့တာကို အားလုံးအသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဆင့်ကို တက်လာခဲ့တဲ့ အသင်းတိုင်းဟာ ထိုက်တန်တဲ့ စွမ်းရည် ကိုယ်စီရှိနေကြလို့ ကွာတားပွဲစဉ် ၄ ပွဲစလုံးဟာ တစ်မျိုးစီ အကြိတ်အနယ်ရှိနေမှာတော့ သေချာတယ်။ လက်ရှိ အချိန်မှာတော့ ဟော်လန် ဟာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ၇း၂ နဲ့ ရေပန်းစားနေပြီး စပိန်က ၅း၁၊ ပေါ်တူဂီ (၂၆း၅)၊ အီတလီက (၁၁း၂)၊ ဂျာမနီ (၆း၁)၊ ခရိုအေးရှားက (၈း၁) တဲ့ အစဉ်လိုက်ရေပန်းစားနေတယ်။

ယူရို ၂၀၀၈ အမှတ်တံဆိပ်
ကွာတားပွဲစဉ် (၁)
ပေါ်တူဂီ - ဂျာမနီ
ထိပ်တိုက်တွေ့ဆုံမှု
ဂျာမနီ ၃ - ၀ ပေါ်တူဂီ ( ၈-၇-၀၆)
ပေါ်တူဂီ ၃ - ၀ ဂျာမနီ (၂၀-၆-၀၀)
ဂျာမနီ ၁ - ၁ ပေါ်တူဂီ (၆-၉-၉၇)
ပေါ်တူဂီ ၁ - ၀ ဂျာမနီ (၁၄-၁၂-၉၆)
ဂျာမနီ ၂ - ၁ ပေါ်တူဂီ (၂၁-၂-၉၆)
ပေါ်တူဂီဟာ အုပ်စု A မှာ ရေပန်းစားခဲ့တဲ့အတိုင်း အုပ်စုဗိုလ်နဲ့ ကွာတားအဆင့်ကိုတက်ခဲ့တာ ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံး (ဆွစ်ဇာလန်နဲ့)ပွဲမှာတော့ နှစ်ဂိုးပြတ် ရှုံးခဲ့ပြီး ၆ မှတ်နဲ့ တက်လာတာ ဖြစ် တယ်။ ဒါပေမယ့် ဒီပွဲမှာ အရံလူတွေနဲ့ထည့်ပြီး တမင်အရှုံးခံကစားခဲ့တယ်လို့ ပြောရမယ်။ ဒါဟာ ကွာတားပွဲကို အင်အားအပြည့်နဲ့ ကစားဖို့စီမံခဲ့တဲ့ သဘောလည်းဖြစ်တယ်။ ဂျာမနီကတော့ ပြိုင်ပွဲမှာ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းမပြနိုင်ပဲ အုပ်စုဒုတိယနဲ့ တက်လာတာပါ။
အထူးသဖြင့် ဂျာမနီရခဲ့တဲ့ ဂိုးတွေဟာ တိုက်စစ်မှူးစစ်စစ်တွေက သွင်းပေးနိုင်ခဲ့တာမဟုတ်ပဲ ကွင်း လယ်နဲ့ တောင်ပံကစားသမားတွေက သွင်းပေးခဲ့တာဖြစ်လို့ ဂျာမနီရဲ့တိုက်စစ်ပိုင်းဟာ အကောင်းဆုံး ပုံစံမရသေးဘူး။ အားထားရတဲ့ ကွင်းလယ်လူဖရင်းနဲ့ ပိုဒေါစကီးတို့ကလည်း ကြံ့ခိုင်မှုပြဿနာရှိနေ တော့ ဂျာမနီအခက်တွေ့နိုင်တယ်။ ဒါပေမယ့် ကွာတားအဆင့်လည်းဖြစ်လို့ ပြိုင်ဘက်ဟောင်းတွေ လည်း ပြန်ဆုံတဲ့ပွဲဖြစ်လို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် ခက်မှာပါ။ နည်းပြပိုင်းမှာ စကိုလာရီက နည်း စနစ်ပိုကောင်းပေမယ့် အသင်းလိုက်ကစားအားမှာတော့ ဂျာမနီက ပိုမာပါတယ်။ ဒေကို၊ စီရော်နာဒို၊ ဆီမာအိုတို့ ခြေပေါ်ရင် ဂျာမနီအခက်တွေ့နိုင်သလို ဘောလက်၊ ပိုဒေါစကီးတို့အုပ်စု ခြေမှန်ရရင်လည်း ပေါ်တူဂီခံစစ်အတော်ထိန်းရမှာပါ။ ခြုံကြည့်ရင်တော့ ဒီပွဲက နိုင်ချေမျှပါတယ်။ ပွဲ ပယ်ခံထားရတဲ့ ဂျာမန်နည်းပြ လိုဝီရဲ့ Match Plan ဘယ်လောက်ကောင်းသလဲဆိုတာ စောင့်ကြည့်ရ မယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ပေါ်တူဂီ ၂၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - ဆတူပေးထား
အင်တာနက်ခန့်မှန်း - ၁-၁ သို့ ၂ - ၂
ရန်ကုန်ဂျာနယ်များ - ဂျာမနီကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - သရေကျပြီး အချိန်ပိုထိသွားနိုင်တယ်။
ကွာတားပွဲစဉ် (၂)
ခရိုအေးရှား - တူရကီ
ထိပ်တိုက်တွေ့ဆုံမှု
ခရိုအေးရှား ၂ - ၂ တူရကီ (၃၁-၃-၀၄)
ခရိုအေးရှား ၁ - ၁ တူရကီ (၁၂-၆-၉၇)
အုပ်စု B မှာ ဂျာမနီလိုအသင်းကြီး အပါအ၀င် ၃ ပွဲစလုံးကိုနိုင်ပြီး ကွာတားတက်လာတဲ့ ခရိုအေးရှားကို တူရကီ ခက်ခက်ခဲခဲကစားရလိမ့်မယ်။ အထူးသဖြင့် ကစားပုံနဲ့ စိတ်ဓာတ်ပိုင်း သိပ် ကောင်းနေတဲ့ ခရိုအေးရှားကို ခံစစ်ပိုင်းအားနည်းတဲ့ တူရကီတော်တော်ခံကစားရမယ်။ ဒါပေမယ့် တူ ရကီမှာ ပြိုင်ပွဲကြီးအတွေ့အကြုံရင့်တဲ့ ကစားသမားတွေ ပါနေလို့ ခရိုအေးရှားလည်း အလွယ်တကူ တော့ အသာစီးမရနိုင်ဘူး။ နီဟတ်ကို ထိန်းနိုင်ရင်တော့ ခရိုအေးရှား အခွင့်အရေးသားသွားနိုင်တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ခရိုအေးရှားကြေးရှုံးမယ်
ဝီလျံဟေးလ် - ခရိုအေးရှားကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - ခရိုအေးရှားကို ပိုကြိုက်ကြ
စာရေးသူအမြင် - ခရိုအေးရှားကိုပဲ ကြိုက်တယ်
ကွာတားပွဲစဉ် (၃)
ဟော်လန် - ရုရှား
အကျပ်ဆုံးအုပ်စု C ကနေ ၃ ပွဲစလုံးခြေစွမ်းပြအနိုင်ယူပြီး ဂိုးသွင်းစွမ်းရည်ပြခဲ့တဲ့ ဟော်လန် ဟာ ရုရှားထက် အဖက်ဖက်ကသာနေတယ်။ ဒါကြောင့် ရုရှားနည်းပြ ဟစ်ဒင့်ရဲ့ အစွမ်းကိုပဲ စောင့် ကြည့်ရမယ်။ ပုံမှန်ဆိုရင်တော့ ရုရှား ဟော်လန်ကို မယှဉ်နိုင်ပါဘူး။ ရုရှားမှာ အာရှာဗင်တို့အုပ်စု ပြန်ပါ လာနိုင်တာကိုတော့ သတိထားရမယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - ၁ ဂိုးနဲ့နိုင်ရင်တောင် ဟော်လန် ၃၀% ပဲကြေးရမယ်။
ဝီလျံဟေးလ် - ဟော်လန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၃-၁
ရန်ကုန်ဂျာနယ်များ - ဟော်လန်ကိုပဲ ပိုကြိုက်ကြ
စာရေးသူအမြင် - ဟော်လန်ကိုပဲ ကြိုက်တယ်
ကွာတားပွဲစဉ် (၄)
စပိန် - အီတလီ
သမိုင်းတစ်လျှောက်မှာ တွေ့ဆုံခဲ့တဲ့ အနေအထားအရတော့ အီတလီက နည်းနည်းသာခဲ့ပါ တယ်။ ဒါပေမယ့် အုပ်စုဗိုလ်နဲ့ ကွာတားတက်လာတဲ့ စပိန်ရဲ့ခြေစွမ်းဟာ အုပ်စုဒုတိယနဲ့ တက်လာတဲ့ အီတလီထက် တစ်ဦးချင်းရော အသင်းလိုက်ပါ သာနေတာတော့ အားလုံးအသိပဲ။ အီတလီမှာ အဓိက အားထားရတဲ့ကွင်းလယ်လူ ပီလိုနဲ့ ဂတ်တူဆိုတို့ ပွဲပယ်ခံထားရလို့ အီတလီကွင်းလယ်အား လျော့သွားနိုင်တာကလည်း စပိန်အတွက် အခွင့်အရေးဖြစ်လာနိုင်တယ်။ အထူးသဖြင့် အီတလီအ သင်းက လူကာတိုနီ၊ ကာဆာနို၊ ဒယ်လ်ပီယာရိုတို့အုပ်စု ဂိုးသွင်းခြေမှန်မရသေးတာကြောင့် ဒီပွဲမှာ အီတလီခံစစ်ကိုပဲ အားပြုကစားရဖွယ်ရှိတယ်။ ဒါပေမယ့် စပိန်အသင်းကလည်း တွဲလုံးနဲ့ အနိမ့်ဘော သိပ်ကောင်းပေမယ့် တောရက်စ်၊ ရာမို့စ်တို့လောက်ပဲ ပုံမှန်အရပ်ရှိပြီး ကျန်ကစားသမားတွေက ၆ ပေအောက် လူပုလေးတွေဖြစ်လို့ အမြင့်ဘောလုံးတွေနဲ့ တန်ပြန်ဖိအားပေးကစားတဲ့အသင်း၊ ခပ်မာမာ ခပ်ကြမ်းကြမ်းကစားတဲ့အသင်းမျိုးနဲ့တွေ့ရင် အခက်တွေ့နိုင်တယ်။ ဒီအချက်ကို အီတလီက အခွင့်အရေးယူကစားနိုင်လို့ စပိန်အတွက်လည်း လွယ်ကူတဲ့ပွဲတော့ မဟုတ်ဘူး။ အီတလီဟာ လက်ရှိ ကမ္ဘာ့ချန်ပီယံလည်းဖြစ်လို့ စပိန်ပေါ့ဆမိရင် အခက်တွေ့သွားနိုင်တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် စပိန် ၇၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - စပိန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - ၁-၁ သို့ ၂ - ၁
ရန်ကုန်ဂျာနယ်များ - စပိန်ကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - စပိန်ကိုတော့ ပိုကြိုက်တယ်၊ ဒါပေမယ့် သရေလည်းဖြစ်သွား
နိုင်တယ်။
|