DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
အတောင့်တင်းဆုံး ဖြစ်နေတဲ့ ပေါ်တူဂီအသင်းကို လူမစုံဘဲနဲ့ ဂျာမန်အသင်း ရင်ဆိုင်ရဖွယ်ရှိ
ဘီဘီစီ - ဇွန် ၁၉၊ ၂၀၀၈

ဒီည ပွဲဦးထွက် ယူရိုကွာတားဖိုင်နယ်မှာ ဂျာမဏီအသင်းဟာ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ တော်စတန် ဖရင်းစ်နဲ့ လူကပ်စ် ပိုဒေါစကီးတို့ ကြံ့ခိုင်မှု မရှိသေးလို့ ပေါ်တူဂီနဲ့ပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။

ကွင်းလယ်လူ ဖရင်းစ်က နံရိုးအရိုးနုကျိုးတဲ့ ဝေဒနာကို ခံစားနေရပြီး ပိုဒေါစကီးကတော့ ခြေသလုံးကြွက်သား ဒဏ်ရာရ နေပါတယ်။

ပေါ်တူဂီနည်းပြ စကိုလာရီက ဒီညပွဲမှာ အတောင့်တင်းဆုံးဖြစ်အောင် အဓိက ကစားသမားအများစုကို ပွဲထုတ်သွားဖို့ အလားအလာ များနေပါတယ်။

ရှေ့တန်းတိုက်စစ်ကို နူနူဂိုမက်စ်က ဦးဆောင်မှာဖြစ်ပြီး ရော်နယ်ဒိုနဲ့ ဆီမာအိုတို့က နောက်ကနေ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

စကိုလာရီအနေနဲ့ အာမန်ဒို ပီတစ်နဲ့ မိုတင်ဟိုတို့က ကွင်းလယ်မှာ အစွန်နှစ်ဖက်မှာ ထုတ်ထားပြီး ဒေကိုကို အလယ်ကနေ အဓိက မောင်းနှင်သူအဖြစ် တာဝန်ပေးသွားဖွယ် ရှိပါတယ်။

နောက်တန်းမှာ ဘိုဆင်ဝါ၊ ကာဗယ်ဟို၊ ပက်ပီနဲ့ ဖာရာရာတို့ ဆက်လက်အသုံးပြုဖို့ များနေပြီး ဂိုးသမားကတော့ ရီကာဒိုပဲ ဖြစ်ပါတယ်။

ဂျာမန်နည်းပြ ဂျိုချင်လိုးက “ကျနော်တို့ ဆေးအဖွဲ့က ဖရင်းစ်ကို ဒီညပွဲမှာ ပြန်ကစားနိုင်အောင် အစွမ်းကုန် ကုသနေပါတယ်” လို့ ပြောပါတယ်။
ဖရင်းစ်ဟာ ဂျာမဏီက သြစတြေီးယားကို (၁ - ၀)နဲ့ အနိုင်ရတဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ ဂျာမန်အသင်းတို့ဟာ (၁၅)ကြိမ်တိတိ ဆုံခဲ့ဖူးပြီး ဂျာမန်က (၇)ပွဲနိုင်၊ (၃)ပွဲ ရှုံးထားပါတယ်။

ဂျာမဏီဟာ အုပ်စု (B)ကနေ ခရိုအေးရှားနောက်မှာ အုပ်စုဒုတိယနဲ့ ကွာတားကို တက်လာခြင်းဖြစ်ပြီး ပေါ် တူဂီက အုပ်စု (A)ကနေ အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာခြင်း ဖြစ်ပါတယ်။


ပေါ်တူဂီနည်းပြ စကိုလာရီ