DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ပရိုပီပီနဲ့ နယ်သာလန်က ရိုမေးနီးယားကို အနိုင်ရအောင် ကစားလိမ့်မယ်လို့ အီတလီနည်းပြ ဒိုနာဒိုနီ ယုံကြည်
အေဂျင်စီသတင်းများ - ဇွန် ၁၇၊ ၂၀၀၈

ဒတ်ခ်ျအသင်းအနေနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားသည့်တိုင်အောင် ရိုမေးနီးယားကို အနိုင်ရအောင် ကစားသွားလိမ့်မယ်လို့ အီတလီနည်းပြ ရော်ဘတ်တို ဒိုနာဒိုနီက ယုံကြည်နေပါတယ်။

ဒီညကစားမယ့် အုပ်စု (C) မှာ ရိုမေးနီးယားအနေနဲ့ နယ်သာလန်ကို အနိုင်ကစားနိုင်ရင် အီတလီနဲ့ ပြင်သစ်အသင်းတို့ရဲ့ ရလဒ်ကို ဂရုစိုက်စရာ မလိုဘဲနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

“နယ်သာလန်အနေနဲ့ လျော့ကစားမှာ မဟုတ်တဲ့အပြင် ရိုမေးနီးယားကိုလည်း ကစားရလွယ်အောင် လုပ်မှာမဟုတ်ပါဘူး” လို့ အီတလီနည်းပြက ပြောပါတယ်။

“ဟော်လန်နည်းပြ ဗန်ဘတ်စတန်က ရိုးသားတဲ့ လူတစ်ယောက်ပါ။ အရည်အချင်းရှိပြီး ရိုးဖြောင့်တဲ့ လူတစ်ယောက်ပါ။ ကျနော် သူ့ကို ယုံကြည်ပါတယ်”

“အခုလောလောဆယ်မှာ ဟော်လန်က ရိုမေးနီးယားကို အနိုင်ပေးလိမ့်မယ် ဆိုတဲ့ အကြောင်းကို ကျနော် တွေးမနေပါဘူး။ ကျနော်က ရိုးသားမှုနဲ့ ပွင့်လင်းမှုကို ယုံကြည်ပါတယ်။ တကယ်လို့ အရန်အသင်းနဲ့ ကစားရင်တောင် ဒတ်ခ်ျအသင်း အနိုင်မရဘူးလို့ မပြောနိုင်ပါဘူး” ဒိုနာဒိုနီက ထပ်ပြောပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စု (C) အဖွင့်ပွဲစဉ်တွေမှာ အီတလီကို (၃)ဂိုး ဂိုးမရှိ၊ ပြင်သစ်ကို (၄ - ၁)နဲ့ အနိုင်ရပြီး အုပ်စုဗိုလ်နဲ့ ကွာတားကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အုပ်စုဒုတိယဖြစ်တဲ့ ရိုမေးနီးယားက (၂)ပွဲကစား (၂)ပွဲ သရေကျထားလို့ (၂)မှတ် ရနေပြီး ပြင်သစ်နဲ့ အီတလီတို့ က တစ်မှတ်စီ ရထားပါတယ်။

အီတလီနည်းပြက “ကျနော်တို့ ပြင်သစ်ကို အနိုင်ရအောင် ကစားပါမယ်။ ဒီပွဲက ခက်ခဲမယ့် ပွဲတစ်ပွဲပါပဲ။ လေ့ ကျင့်ရေးကွင်းမှာ ကျနော့်ကစားသမားတွေကို ကြည့်ရတာ အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပုံပါပဲ“ လို့ ထပ် ပြောပါတယ်။

နယ်သာလန်နည်းပြ ဗန်ဘတ်စတန်ကတော့ ကွာတားအဆင့်ကို တက်သွားပေမယ့်လည်း ရိုမေးနီးယားကို အနိုင်ကစားသွားမယ်လို့ ပြောပါတယ်။

အေစီမီလန်ကစားသမားဟောင်း ဗန်ဘတ်စတန်က ဒီပွဲကို ကျနော်တို့က ပရော်ဖက်ရှင်နယ်ပီပီ ချဉ်းကပ်သွားမှာပါ။ အနိုင်ရဖို့ ရည်ရွယ်ထားပါတယ် လို့ ပြောပါတယ်။


အီတလီနည်းပြ ဒိုနာဒိုနီ