ချက်ဂိုးသမား ပီတာချက်က ပေါ်တူဂီနဲ့ ကစားမယ့် ဒီည အုပ်စု (A)ပွဲစဉ်မှာ သူ့အသင်းအနေနဲ့ တောင်ပံသမား ခရစ်စတီယာနို ရော်နယ်ဒိုကို မတားဆီးနိုင်မှာ မစိုးရိမ်ကြောင်း ပြောပါတယ်။
“လူတိုင်းက ရော်နယ်ဒိုအကြောင်းကိုချည်းပဲ ပြောနေကြပါတယ်။ ဒါပေမယ့် ခင်များတို့အနေနဲ့ ဒေကိုနဲ့ တခြားလူတွေကိုလည်း မေ့ထားလို့ မရပါဘူး” လို့ ပီတာချက်က ပြောပါတယ်။
“ဟုတ်ပါတယ်။ သူက အခုအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ ထူးချွန်တဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ တကယ်လို့ သူတစ်ယောက်တည်းနဲ့ဆိုရင် ဒီလိုမျိုးဖြစ်လာစရာ အကြောင်းမရှိပါဘူး”
“သူ့အနေနဲ့ တူရကီနဲ့ပွဲတုန်းကလို သူ့အသင်းဖော်တွေရဲ့ ပံ့ပိုးမှု လိုပါတယ်။ ကျနော်တို့ နှစ်သင်းထဲက နိုင်တဲ့အသင်းက နောက်တဆင့်ကို တက်မှာပါ။ ဒီအုပ်စုမှာ (၆)မှတ်ရတာနဲ့ သေချာပေါက် နောက်တဆင့်ကို ရောက်မှာပါ” ချဲလ်ဆီးဂိုးသမားက ထပ်ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “တကယ်လို့ သရေကျရင်တောင် နှစ်သင်းစလုံးအတွက် ရလဒ်ကောင်းပါပဲ” လို့ ပြောပါတယ်။
ချက်နဲ့ ပေါ်တူဂီတို့ဟာ အုပ်စု (A)ရဲ့ အဖွင့်ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီရထားပါတယ်။
|