DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ယူရို ၂၀၀၈
ယူရိုပြိုင်ပွဲမှာ အတိတ်က မအောင်မြင်တာတွေကို စပိန်အသင်း ချေဖျက်ပြနိုင်လိမ့်မယ်လို့ မော်ညင်ဟို ယုံကြည်
ဘီဘီစီ - ဇွန် ၆၊ ၂၀၀၈

ဂျိုဆေ မော်ညင်ဟိုက စပိန်အသင်းအနေနဲ့ အတိတ်မှာ မအောင်မြင်ခဲ့တဲ့ စံချိန်တွေကို ယူရို ၂၀၀၈ ပြိုင်ပွဲကြီးမှာ ချေဖျက်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပိန်အသင်းဟာ ပြိုင်ပွဲတိုင်းမှာ ရေပန်းစားပေမယ့် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ (၅)ကြိမ်မှာ ကွာတာအဆင့်ထိတောင် မရောက်ခဲ့ပါဘူး။

“အစဉ်အလာအရဆိုရင်တော့ စပိန်က ကလပ်တွေရဲ့ အဆင့်အတန်းအရ အရမ်းတောင့်တင်းပါတယ်။ ဒါပေမယ့် လက်ရွေးစင်းအသင်းအဆင့်မှာတော့ သိပ်မစွံပါဘူး။ ဒါပေမယ့် ဒီပွဲပြိုင်ပွဲမှာတော့ ဘယ်သူသိမလဲ” လို့ မော်ညင်ဟိုက ပြောပါတယ်။

စပိန်ဟာ ၁၉၆၄မှာ ဥရောပ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် နှစ်ပေါင်း (၂၀)ကြာမှ ဒုတိယနေရာ ချိတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကနေ အခုအချိန်အထိ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်ဖို့ ရုန်းကန် နေရပါတယ်။

မော်ညင်ဟိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းကလည်း စပိန်ကလပ် ရီရဲလ်အနေနဲ့ ဗိုလ်မစွဲနိုင်ဖူးလို့ စောစောစီးစီးကတည်းက မှတ်ချက်ပေး ခဲ့ပါတယ်။


အင်တာမီလန်နည်းပြသစ် မော်ညင်ဟို