မက္ကဆီကိုအသင်းက ဆဲဗင်ဂိုရန် အဲရစ်ဆန်ကို နည်းပြသစ်အဖြစ် မနေ့က ခန့်အပ် လိုက်ပါတယ်။
“အားလုံးက အဲရစ်ဆန်ကို နည်းပြခန့်ဖို့ ခြွင်းချက်မရှိ သဘောတူခဲ့ပါတယ်” လို့ မက္ကဆီကန် ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်ကော်မတီဝင် ဂျိုဂျီ ဘာဂရာက ပြောပါတယ်။
မန်စီးတီးနဲ့ (၂)နှစ်စာချုပ်သက်တမ်း ကျန်နေသေးတဲ့ အသက် (၆၀)အရွယ် နည်းပြ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ တင်္နလာနေ့က အထုတ်ခံ လိုက်ရပါတယ်။
အဲရစ်ဆန်က “မက္ကဆီကိုနည်းပြအလုပ်က အရမ်းကြီးတဲ့ အလုပ်တစ်ခုပါ။ မက္ကဆီကို အသင်း ကို ကမ္ဘာ့ဖလားအထိ ရောက်အောင် ပို့ဆောင်ပေးဖို့က တကယ့် စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီမှာရှိ တဲ့ လူဦးရေ သန်း (၁၂၀)က စိတ်ဓါတ်ရေးအရာ မြှင့်တင်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။
ဆွီဒင်သားနည်းပြဟာ အင်္ဂလန်အသင်းကို ဇန်န၀ါရီ ၂၀၀၁ ကနေ ဇူလိုင် ၂၀၀၆အထိ တာဝန်ယူခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အထိ ပို့ဆောင်နိုင် ခဲ့ပါတယ်။
နည်းပြသစ် အဲရစ်ဆန်ဟာ ဇွန် (၂၁)ရက်နေ့ မတိုင်မီအထိ မက္ကဆီကိုအသင်းကို စတင် ကိုင် တွယ်ဦးမှာ မဟုတ်သေးပါဘူး။
|

မက္ကဆီကိုနည်းပြသစ် အဲရစ်ဆန်
|