ကွင်းလယ်လူ အဲလက်ဇန်းဒါး ဟတ်ဟာ လာမယ့် နွေရာသီမှာ အာစင်နယ်ကနေ ထွက်ခွာ လိမ့်မယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
အသက် (၂၇)နှစ်အရွယ် ဘေလာရုခ် လက်ရွေးစင် ဟတ်ကို စီးရီးအေကလပ် အင်တာ မီလန်က ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ခဲ့ပြီး ဆက်သွယ်မှုတွေလည်း လုပ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ကွင်းလယ်က မက်သယူး ဖလာမီနီတစ်ယောက် အေစီမီလန်ကို ပြောင်းရွေ့သွားလို့ စိတ်ပျက်နေတဲ့ နည်းပြ အာစင်ဝင်းဂါးအတွက်တော့ ဟတ် ပြောင်းတော့ မယ်ဆိုတဲ့ သတင်းဟာ သတင်းဆိုး ဖြစ်နေမှာ သေချာပါတယ်။
အေးဂျင့်က “အဲလက်ဇန်ဒါးက သူ့ဘ၀ရဲ့ အရေးအကြီးဆုံး ပြောင်းရွေ့မှုအတွက် ပြင်ဆင်မှု တွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။
သူက “အာစင်နယ်က သူ့ကို နှစ်ရှည်စာချုပ်နဲ့ အခွင့်အရေးတွေပေးပြီး ကမ်းလှမ်းလာ ရင်တောင် သူက ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။ အခုအချိန်မှာ နောက်ပြန်ဆုတ်ဖို့တော့ မရှိပါဘူး။ အရာအားလုံးက လာမယ့် နှစ်ပတ်အတွင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပါ” လို့ ထပ်ပြောပါတယ်။
ဟတ်ဟာ ၂၀၀၅ မှာ ဂျာမန်ကလပ် စတူဂတ်ကနေ အာစင်နယ်ကို ပြောင်းရွေ့လာပြီး အီးမာ ရိတ်ကလပ်အတွက် ပွဲပေါင်း (၈၉)ပွဲနဲ့ (၇)ဂိုး သွင်းပေး ထားပါတယ်။
သူဟာ ဒီနှစ်ရာသီအတွင် အာစင်နယ်ကွင်းလယ်မှာ ဖာဘရီဂစ်၊ ဖလမီနီတို့နဲ့ တွဲပြီး ခြေစွမ်းပြနေနိုင်လို့ ပုံမှန် ကစားခွင့်ရ နေပါတယ်။
|

အာစင်နယ်ကွင်းလယ်လူ အလက်ဇန်းဒါး ဟတ်
|