DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အိမ်လွမ်းတဲ့စိတ်နဲ့ အထီးကျန်မှုကို မခံစားနိုင်တဲ့ ထိုင်းလက်ရွေးစင် ဆူရီ ပြန်တော်ပြန်ချင်နေ
ရိုက်တာ - မေ ၉၊ ၂၀၀၈

မန်ချက်စတာစီးတီးကနေ ဂရက်စ်ဟော်ပါးစ် ဇူးရစ်အသင်းကို အငှားချထားခြင်း ခံရတဲ့ ထိုင်းလက်ရွေးစင် ဆူရီဆူခါဟာ အိမ်ကိုလွမ်းတဲ့စိတ်နဲ့ အထီးကျန်နေတာကြောင်း အသင်း ပြောင်းချင် နေပါတယ်။

ထိုင်းဗဟိုနောက်ခံလူ ဆူခါဟာ မူလတုန်းက မန်စီးတီးမှာ ကစားဖို့ သွားရောက်ခဲ့ပေမယ့် အင်္ဂလန်က အလုပ်ပါမစ် ထုတ်မပေးတာကြောင့် ဆွစ်ဇာလန်ကလပ် ဂရက်စ်ဟော်ပါးစ် ဇူးရစ်ကို အငှားနဲ့ သွားရောက် ကစားခဲ့ ရပါတယ်။

စီးတီးကလပ်က ဆူခါအနေနဲ့ လာမယ့် ရာသီမှာ ထိုင်းကို ပြန်လာနိုင်ချေ များတယ်လို့ ပြောပါတယ်။

သူဟာ ဆွစ်ဇာလန်ကလပ်မှာလည်း ပထမဦးစားပေး ကစားခွင့် မရဘဲ အရန်အသင်းမှာပဲ ကစား နေရပါတယ်။

ကာယကံရှင် ဆူရီက “ကျနော့် အနာဂတ်နဲ့ ပက်သက်လို့ ဘာတွေဖြစ်လာမလဲ မသိသေးပါဘူး။ အဲဒီမှာ တိုးတက်ဖို့အတွက် တော်တော် ခက်ပါတယ်။ သူတို့ဆီက အရန်အ သင်းက ကျနော်တို့ ထိုင်းက တတိယတန်းအသင်း အဆင့်လောက်ပဲ ရှိပါတယ်” လို့ ထုတ်ဖော်ပါတယ်။

စီးတီးကလပ်ကို (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာတဲ့ ဆူရီဟာ လစာငွေအဖြစ် တစ်လကို ဒေါ်လာ (၉၄၀) (ပေါင် ၄၈၀)ပဲ ရရှိပါတယ်။

သူဟာ စီးတီးရဲ့ မိတ်ဖက်အသင်းတွေရှိတဲ့ သြစတြေးလျနဲ့ ဂျပန်ဂျေလိဂ်တို့မှာ ကစားဖို့ စိတ်အားထက်သန် နေပါတယ်။


ပြည်ပမှာ မပျော်လို့ ပြန်တော်ပြန်ချင်နေတဲ့ ထိုင်းနောက်ခံလူ ဆူရီ ဆူခါ