DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဘာဘာတော့ပ် မပြောင်းခင်ကတည်းက တော့တင်ဟမ် မန်နေဂျာ ပြင်ဆင်မှုတွေ ကြိုလုပ်
ဘီဘီစီ - မေ ၉၊ ၂၀၀၈

တိုက်စစ်မှူး ဘာဘာတော့ပ် ထွက်သွားရင် အသင်းမှာ မလစ်ဟင်းအောင် ကြိုတင် ပြင်ဆင် ထားပြီး ဖြစ်တယ်လို့ တော့တင်ဟမ်မန်နေဂျာ ဂျုအန်ဒီ ရာမို့စ်က ၀န်ခံပါတယ်။

နည်းပြ ရာမို့စ်က အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းထားခြင်ပေမယ့် ကာယကံရှင်ကတော့ ပြောင်းဖို့ပဲ စိတ်အားသန် နေပါတယ်။

“ကျနော် သူ့ကို ဒီမှာ ဆက်နေဖို့အတွက် ပြောတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ သူ ဘာကို လိုချင်တယ် ဆိုတာကို ကျနော် သိပါတယ်” လို့ ရာမို့စ်က ပြောပါတယ်။

“တကယ်လို့ သူ ထွက်သွားရင် အဲဒီနေရာမှာ အစားထိုးဖို့အတွက် ကျနော်တို့မှာ ပြင်ထားတာ ရှိပါတယ်။ သူ့နေရာအတွက် ကျနော်တို့မှာ ရွေးချယ်စရာတွေ ရှိပါတယ်”

ဘူဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ပ်ကို မန်ယူအပါအ၀င် ဘာစီလိုနာနဲ့ ရီရဲလ်မက် ဒရစ်တို့ကလည်း ခေါ်ယူဖို့ ဆက်သွယ်တာတွေ လုပ်နေပါတယ်။

တော့တင်ဟမ်နည်းပြက “သူ့ကို ဒီမှာ ဆက်နေစေချင်ပေမယ့် အသေးစိတ်ညှိနှိုင်းတဲ့အခါမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျနော်တို့ မသိနိုင်ပါဘူး။ ကမ်းလှမ်းမှုတွေ ရှိလာရင် သူနဲ့ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ” လို့ ထပ်ပြောပါတယ်။

ဘာဘာတော့ပ်ဟာ ၂၀၀၆မှာ လေဗာကူဆင်ကနေ ပေါင် (၁၀.၉)သန်းနဲ့ တော့တင်ဟမ်ကို ရောက်ရှိခဲ့ပြီး ဒီရာသီအတွင်းမှာ (၂၃)ဂိုး သွင်းပေး ထားပါတယ်။


တော့တင်ဟမ် တိုက်စစ်မှူး ဘာဘာတော့ပ်