DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ပီတာ ခရောက်ခ်ျကို ရောင်းထုတ်ဖို့ လီဗာပူးက ပေါင် (၁၅)သန်း သတ်မှတ်ထား
အေဂျင်စီသတင်းများ - မေ ၉၊ ၂၀၀၈

လီဗာပူးမန်နေဂျာ ရာဖယ် ဘင်နီတတ်ဇ်က တိုက်စစ်မှူး ပီတာခရောက်ခ်ျကို အသင်းပြောင်း နိုင်ကြောင်း အချက်ပြလိုက်ပြီး ပြောင်းရွေ့ကြေးအတွက် ပေါင် (၁၅)သန်း ရရှိဖို့ သတ်မှတ် ထားပါတယ်။

ဘင်နီတတ်ဇ်က ကွင်းလယ်လူ ဟယ်ရီ ကီးဝဲလ်နဲ့ နည်းပြအဖွဲ့ထဲက အဲလက် မယ်လာလည်း အန်းဖီးလ်ကနေ ထွက်ခွာလိမ့်မယ်လို့ အတည်ပြု ပါတယ်။

“ခရောက်ခ်ျက အပတ်တိုင်း ပုံမှန်ကစားခွင့်ရခြင် နေပါတယ်။ ခင်များတို့ သိတဲ့အတိုင်းပဲ သူ့အနေနဲ့ တော်ရက်စ်နဲ့ ယှဉ်ပြိုင်နိုင်မှ ကစားခွင့် ရမှာပါ” လို့ ဘင်နီတတ်ဇ်က ပြောပါတယ်။

“ပို့စ်မောက်က သူ့ကို ကမ်းလှမ်းလိမ့်မယ်လို့ ကျနော်တို့ မြင်ထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကမ်းလှမ်းတာတွေ မရှိသေးပါဘူး။ သတ်မှတ်ကြေး ပေါင် (၁၅)သန်းက အကျိုးအကြောင်း မဆီလျော်စရာ မရှိပါဘူး”

ခရောက်ခ်ျဟာ ဒီရာသီအတွင်းမှာ ပုံမှန်ကစားခွင့် မရဘဲ အချိန်တော်တော်များများကို အရန် ထိုင်ခုံပေါ်မှာပဲ အချိန်ကုန်နေရပြီး နည်းပြကလည်း တော်ရက်စ်ကို ပွဲတိုင်းနီးပါး အသုံးပြု ပါတယ်။

စပိန်တိုက်စစ်မှူး တော်ရက်စ်ဟာ ပထမရာသီအတွင်းမှာပဲ လီဗာပူးအတွက် ဂိုးပေါင်း (၃၂)ဂိုး သွင်းပေး ထားပါတယ်။

လီဗာပူးက ဒီလအစောပိုင်းတုန်းက အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူးကို စာချုပ်သစ်နဲ့ ကမ်းလှမ်းတာတွေ ရှိပေမယ့် ကာယကံရှင်ကိုယ်တိုင်က အနာဂတ်အတွက် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

သူဟာ ၂၀၀၅မှာ ဆောက်သမ်ပတန်ကနေ လီဗာပူးကို ရောက်ရှိခဲ့ပြီး အင်္ဂလန်လက်ရွေးစင် အသင်းအတွက် (၂၆)ပွဲမှာ (၁၄)ဂိုး သွင်းပေး ထားပါတယ်။

အသက် (၂၉)နှစ်အရွယ် သြစတြေးလျကွင်းလယ်လူ ကီးဝဲလ်ကတော့ လစာငွေ လျော့ချတာကို လက်မခံနိုင်လို့ အသင်းပြောင်းမှာ ဖြစ်ပါတယ်။


ပီတာ ခရောက်ခ်ျ