DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဘာာကာတိုက်စစ်မှူး အီတိုး ၀ယ်ယူဖို့ တော့တင်ဟမ် ဈေးနှုန်းမေးမြန်း
အေဂျင်စီသတင်းများ - မေ ၈၊ ၂၀၀၈

တော့တင်ဟမ်က လာမယ့် ရာသီမှာ အီတိုးကို ၀ယ်ယူလိုတဲ့အတွက် ဘာစီလိုနာအသင်း ဆီကနေ ဈေးနှုန်းမေးမြန်မှုတွေ လုပ်နေပြီး ပေါက်ဈေးက ယူရို (၃၅)သန်းလောက် ရှိတယ် လို့ သတင်းတွေက ဆိုပါတယ်။

နည်းပြ ဂျုအန်ဒီ ရာမို့စ်ဟာ စပါးစ်ကို ပရီးမီးယားရှစ်မှာ ထိပ်သီး (၄)သင်းစာရင်း ၀င်နိုင်ဖို့အတွက် အီတိုးတို့လို အကောင်းဆုံး တိုက်စစ်မှူးတွေနဲ့ အသင်းကို အားဖြည့်လို နေပါတယ်။

ဘာစီလိုနာဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့ ငွေရေးကြေးရေး အစီအစဉ်တွေကို ပြုပြင်ပြောင်းလဲတာတွေနဲ့ ကစားသမား အပြောင်းအလဲတွေ လုပ်သွားဖို့ ရှိနေလို့ လက်ရှိ အကျော်အမော်တွေ အသင်းပြောင်းရဖွယ် ရှိပါတယ်။

အီတိုးကိုယ်တိုင်ကလည်း လာမယ့် နွေရာသီမှာ အသင်းအနေနဲ့ ဆုဖလားတစ်ခုမှ မရရင် အသင်းပြောင်းမယ်လို့ သတိပေး ထားပါတယ်။

စပါးစ်က ကင်းမရွန်းတိုက်စစ်မှူး အီတိုးကို ခေါ်ယူဖို့ ကြိုးစားတာဟာ လက်ရှိ တိုက်စစ်မှူး ဘာဘာတော့ပ် အသင်းပြောင်းမှာကို စိုးရိမ်တဲ့ အတွက်ကြောင့်လည်း ကြိုးစားခြင်း ဖြစ်ပါတယ်။


ဘာကာတိုက်စစ်မှူး အီတိုး