ချဲလ်ဆီးနောက်ခံလူ ကာဗယ်ဟိုဟာ လာမယ့် တနင်္ဂနွေနေ့ ဘော်လ်တန်နဲ့ နောက်ဆုံးပွဲမှာ ကစားဖို့အတွက် ကြံ့ခိုင်မှု ပြဿနာနဲ့ ကြုံနေရပါတယ်။
ကာဗယ်ဟိုဟာ တနလာင်္နေ့က ချဲလ်ဆီးက နယူးကာဆယ်ကို (၂ - ၀)နဲ့ အနိုင်ရတဲ့ပွဲမှာ မြေပေါ်ကို နှစ်ခါတိတိ ပြုတ်ကျလို့ ဆက်မကစားနိုင်ဘဲ လူစားလဲခဲ့ ရပါတယ်။
ပေါ်တူဂီနောက်ခံလူ ကာဗယ်ဟိုဟာ ချဲလ်ဆီးနောက်တန်းအတွက် အရေးပါတဲ့ ခံစစ်မှူး တစ်ဦးဖြစ်ပြီး ပွဲတိုင်းနီးပါး ကစားခွင့်ရနေသူ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဆော်လမွန် ကာလူးလည်း ခြေကျင်းဝတ် ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့အတွက် အချိန်မှီ ပြန်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။
နယူးကာဆယ်နဲ့ ပွဲတုန်းက ချဲလ်ဆီးနည်းပြ ဂရန့်က အဓိက ကစားသမားတချို့ဖြစ်တဲ့ အက်ရှ်လေ ကိုးလ်၊ ဂျိုးကိုးလ်နဲ့ လမ်းပတ်တို့ကို နောက်ဆုံးပွဲအတွက် အနားပေးထားပါတယ်။
|

နောက်ခံလူ ကာဗယ်ဟို (၀ဲ)နဲ့ ဂိုးသမား ပီတာချက် (ယာ)
|