DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်စီးတီးမှာ အခြေမဟန်တဲ့ အဲရစ်ဆင် အသင်းဟောင်း ဘင်နီဖီကာနဲ့ စကားပြောဆို
ဘီဘီစီ - မေ ၈၊ ၂၀၀၈

မန်ချက်စတာစီးတီး မန်နေဂျာ ဆဲဗင်ဂိုရန် အဲရစ်ဆင်ဟာ ပေါ်တူဂီကလပ် ဘင်နီဖီကာမှာ ပြောင်းလုပ်ဖို့ စကားပြောဆိုနေတယ်လို့ ဘီဘီစီအားကစား အစီအစဉ်က ခန့်မှန်းပါတယ်။

စီးတီးပိုင်ရှင် သက်ဆင်က သိပ်မကြိုက်တော့တာကြောင့် နည်းပြ အဲရစ်ဆင်ရဲ့ ရာထူးဟာ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။

အဲရစ်ဆင်ဟာ ပေါ်တူဂီကလပ် လစ္စဘွန်းမှာ နှစ်ကြိမ်တိတိ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ ဖူးပါတယ်။

ဘီဘီစီအားကစား အစီအစဉ်ကတော့ အဲရစ်ဆင်ဟာ ရာသီကုန်ရင် အထုတ်ခံရမှာ သိနေပြီး သူ့နေရာမှာ ပေါ်တူဂီနည်းပြ လူးဝစ် စကိုလာရီနဲ့ အစားထိုးသွားဖွယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။

သက်ဆင်ကတော့ အဲရစ်ဆင်ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ အပြီးသတ် မဖြေရှင်း ရသေးဘူးလို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က “ကျနော်တို့ ဆုံးဖြတ်မချရ သေးပါဘူး။ ရာသီကုန် ရင် ကျနော်တို့ အခြေအနေတွေကို ပြန်ပြောင်း သုံးသပ်သွားမှာပါ” လို့ ပြောပါတယ်။

ဆွီဒင်သားနည်းပြ အဲရစ်ဆင်ရဲ့ အေးဂျင့်ကတော့ အခုထွက်ပေါ်နေတဲ့ ခန့်မှန်းပြောဆိုမှု တွေနဲ့ ပက်သက်လို့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။

အဲရစ်ဆင်ဟာ ဘင်နီဖီကာမှာ နှစ်ကြိမ်နဲ့ စပို့တင်း လစ္စဘွန်းမှာ (၂)ကြိမ် နည်းပြအဖြစ် လုပ်ခဲ့စဉ်မှာ ချန်ပီယံ (၂)ကြိမ် ဖြစ်ဖူးပါတယ်။


အဲရစ်ဆင်