DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူနဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံခြေစွမ်းနဲ့ အောက်အသင်းတွေရဲ့ ရုန်းအားကို နောက်ဆုံးစောင့်ကြည့်ရမယ့် ပွဲစဉ် ၃၈ ခန့်မှန်းချက်
ဒီဗွီဘီ - မေ ၈၊ ၂၀၀၈

ဒီနှစ် ပရီးမီးယားလိဂ်ကတော့ အခုတစ်ပတ်နောက်ဆုံးပွဲစဉ် ၃၈ မကစားခင်အထိ ချန်ပီယံအဖြေ မထွက်သေးတာနဲ့ တန်းဆင်း ၃ နေရာအနက် တစ်သင်းပဲ အဖြေထွက်သေးတာကို ကြည့်ရင် အခါတိုင်းနှစ်တွေထက် အကြိတ် အနယ်ပိုရှိတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါကြောင့် နောက်ဆုံးပွဲစဉ်ဖြစ်ပေမယ့် အသင်းတိုင်းဟာ ဂုဏ်သိက္ခာ အရရော ရာသီသိမ်းကောင်းဖို့ပါ နောက်ဆုံး ပွဲစဉ်အထိ ခြေကုန်ထုတ် ကစားရဖို့ရှိနေတော့ ပွဲတိုင်းဟာ အကြိတ်အနယ် ရှိနေဦးမယ့် သဘောပါပဲ။

ဒါကြောင့် မထင်မှတ်တဲ့ ပွဲရလဒ်တချို့လည်း ထွက်လာနိုင်တယ်။ အခုနောက်ဆုံးပွဲစဉ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ချန်ပီယံအဖြေထွက်မယ့် ၀ီဂန် - မန်ယူ ပွဲနဲ့ ချယ်လ်ဆီး - ဘော်လ် တန်ပွဲအပြင် တန်းဆင်းအဖြေထွက်မယ့် ဘာမင်ဂမ် - ဘလက်ဘန်း၊ ပို့စ်မောက် - ဖူလ်ဟမ်၊ ဒါဘီ - ရက်ဒင်းပွဲတွေပဲ ဖြစ်တယ်။ နောက်ဆုံးပွဲစဉ်ဆိုတော့ ထုံးစံအတိုင်း တစ်ချိန်တည်းပြိုင်တူကစားရမှာ ဖြစ် လို့ ၀ါသနာရှင်တွေအနေနဲ့ မိမိအားသန်ရာ ပွဲကို ရင်ခုန်စွာ စောင့်ကြည့်ရမှာဖြစ်သလို တခြားပွဲသ တင်းကိုလည်း နားစွင့်နေရမယ့်သဘောပဲ။


ပရီးမီးယားလိဂ် အမှတ်တံဆိပ်

ချယ်လ်ဆီး - ဘော်လ်တန်

ပကျော့ ဘော်လ်တန် 0 - 1 ချယ်လ်ဆီး

လက်ရှိ အနေအထားမှာ ၃၆ မှတ်ရထားလို့ တန်းဆင်းအန္တရယ်က လွတ်သလောက်ရှိသွား ပေမယ့် ဘော်လ်တန်အတွက် ဒီပွဲမှာ တစ်မှတ်လောက်တော့ရနိုင်မှ စိတ်ချရမှာ။ ဒါကြောင့် ချယ်လ်ဆီး ကို နောက်ဆုံးပွဲမှာ ခြေကုန်ထုတ်ပြီး ရင်ဆိုင်ကစားမှာ သေချာတယ်။ ချယ်လ်ဆီး အတွက်ကတော့ ဒီပွဲနိုင်မှ ချန်ပီယံမျှော်လင့်ချက် ဆက်ရှိမှာဆိုတော့ လူစုံခြေကုန်ထုတ်ပြီး အသား ကုန်တင်ကစားလိမ့်မယ်။

အခုအချိန်ထိ အိမ်ကွင်းပွဲ ၈၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားတဲ့ ချယ်လ်ဆီးလိုအသင်းကို ဒီလိုအချိန်မျိုးမှာ ဘော်လ်တန် နိုင်ဖို့ ခက်ပေမယ့် နိုင်ချင်စိတ်များနေတဲ့ ချယ်လ်ဆီးကစားသမားတွေ စိတ်လောကြီးပြီး အမှားတွေလုပ်ရင်တော့ ဘော်လ်တန်က မထင်မှတ် တဲ့ရလဒ်မျိုး ယူသွားနိုင်တယ်။ ဒါပေမယ့် ချယ်လ်ဆီးနည်းပြ ဂရန့်အတွက်နဲ့ ချယ်လ်ဆီးအသင်းသား တွေအတွက် ဒီပွဲဟာ သေရေးရှင်ရေးဖြစ်နေသလို ချယ်လ်ဆီးသူဌေးမိုဗစ်ခ်ျကလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်ခုစလုံး ရရင် အသင်းသားတစ်ဦး ပေါင် ၆ သိန်းစီ အပိုဆုကြေးပေးမယ်လို့ မက်လုံးပေးထားတော့ ဒီပွဲမှာ တယ်ရီတို့အုပ်စု အသေအလဲ ကြိုးစားကစား မှာ သေချာတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - နှစ်ဂိုးနဲ့နိုင်ရင်တောင် ချယ်လ်ဆီး 30% ကြေးရမယ်
ဝီလျံဟေလ်း - ချယ်လ်ဆီးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ချယ်လ်ဆီးကို ပိုကြိုက်ကြ
စာရေးသူအမြင် - အခြေအနေအရ ချယ်လ်ဆီးကိုပဲ အားပေးသင့်

ဝီဂန် - မန်ယူ

ပကျော့ မန်ယူ 4 – 0 ၀ီဂန်

မန်ယူရဲ့ ချန်ပီယံခြေစွမ်းအစစ်ကို ဒီပွဲမှာ စောင့်ကြည့်ရမယ်။ ဒီပွဲနိုင်ရုံနဲ့ ချန်ပီယံဖြစ်မယ့် မန်ယူ ဟာ ကပ်နိုင်ရုံလောက်တော့ ကစားမယ်မထင်ဘူး။ တစ်ခုရှိတာက ၀ီဂန်ဟာ မကြာသေးမီက ချယ်လ် ဆီးကို တစ်ဂိုးစီသရေကျအောင် ခံကစားထားတဲ့ ခြေစွမ်းမျိုးရှိနေတဲ့အပြင် ၀ီဂန်နည်းပြစတိဗ်ဘရုစ် ဟာ ဖာဂူဆန်ရဲ့အထာကို တော်တော်သိနေလို့ မန်ယူ ပေါ့လို့မရဘူး။ အထူးသဖြင့် ၀ီဂန်ဟာ မန်ယူကို နိုင်လိုက်ရင် ဂုဏ်သိက္ခာအကြီးအကျယ် မြင့်တက်သွားနိုင်ပြီး ပရီးမီးယားလိဂ်အဆင့်အရ လည်း ၀င်ငွေပေါင် ၂ သန်းကျော်လောက် ထပ်တက်နိုင်လို့ သူတို့ဂျေဂျေဘီကွင်းမှာ လူစုံခြေကုန် ထုတ်ကစားမှာ သေချာတယ်။

ဒီအချိန်မှာ မန်ယူက အနိုင်ဂိုးရချင်စိတ်နဲ့ တိုက်စစ်ကိုအလွန်အကျွံ လိုက်ကစားမိသွားရင်၊ ဒါမှမဟုတ် လောကြီးနေရင် အခက်တွေ့နိုင်တယ်။ ဒါပေမယ့် မန်ယူသူဌေး ဂ လေဇာကလည်း ဒီနှစ် ဖလားနှစ်လုံးရရင် ဆုကြေးပေါင် ၂ သန်းခွဲစီ ပေးမယ်လို့ မက်လုံးပေးထားတဲ့ အပြင် မြူးနစ်လေယာဉ်ပျက်ကျတဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် နှစ် 50 ပြည့်ရာသီလည်းဖြစ်လို့ ဖာဂူ ဆန်တို့တစ်ဖွဲ့လုံး ဖလားနှစ်လုံးစလုံး ယူပြချင်စိတ်တွေ ပြည့်နှက်နေနိုင်တာကြောင့် ၀ီဂန်လည်း မ ချောင်ပါဘူး။ အစဉ်အလာအရလည်း ဂျေဂျေဘီကွင်းမှာ မန်ယူပဲ အသာစီးရခဲ့တာ များတယ်။ ဒါပေမယ့် ဖာဂူဆန်အနေနဲ့ မသိစိတ်က အရင်ပွဲတွေလို ပြိုင်ဘက်အပေါ် အထင်သေးပြီး ဒုတိယပိုင်း မှာ ဂစ်အပါအ၀င် သူ့အသင်းက ပွဲသိပ်မကစားရသေးတဲ့ လူငယ်ကစားသမားတချို့ကို ဂုဏ်ပြုတဲ့အ နေနဲ့ စောစောစီးစီးထည့်ကစားမှာကိုတော့ စိုးရိမ်ရတယ်။ အကောင်းဆုံးဆုတွေ ရထားတဲ့ စီရော်နာ ဒိုတို့အုပ်စုကတော့ ဒီပွဲကို အတိမ်း အစောင်းခံမယ်မထင်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - နှစ်ဂိုးနဲ့နိုင်ရင်တောင် မန်ယူ 90% ကြေးရမယ်
ဝီလျံဟေလ်း - မန်ယူကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 0 – 2
ရန်ကုန်ဂျာနယ်များ - မန်ယူကို ပိုကြိုက်ကြ
စာရေးသူအမြင် - အခြေအနေအရ မန်ယူကိုပဲ အားပေးသင့်

ဒါဘီ - ရက်ဒင်း

ပကျော့ ရက်ဒင်း 1 - 0 ဒါဘီ

ဒီပွဲနိုင်မှ တန်းဆင်းအန္တရာယ်က လွတ်မယ့်မျှော်လင့်ချက်လေး ရှိလာနိုင်တဲ့ ရက်ဒင်းဟာ မဖြစ် မနေအနိုင်ရအောင် ဖောင်ဖျက်ကစားမှာ သေချာပေမယ့် ဒါဘီက ရာသီသိမ်းပွဲစဉ်အဖြစ် သူ့ကွင်းမှာ သိက္ခာဆယ်ဖို့ ကြိုးစားရင်တော့ ရက်ဒင်း အခက်တွေ့နိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ရက်ဒင်း ကြေးအပြည့်မရနိုင်သေး
ဝီလျံဟေလ်း - ရက်ဒင်းကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 - 2
ရန်ကုန်ဂျာနယ်များ - ရက်ဒင်းကို ပိုကြိုက်ကြ
စာရေးသူအမြင် - ဒါဘီကို အရဲစွန့်အားပေးချင်တယ်

ဘာမင်ဂမ် - ဘလက်ဘန်း

ပကျော့ ဘလက်ဘန်း 2 - 1 ဘာမင်ဂမ်

ပြီးခဲ့တဲ့အပတ်မှာ ဖူလ်ဟမ်ကို ရှုံးသွားလို့ တန်းဆင်းဇုန်ထဲရောက်သွားတဲ့ ဘာမင်ဂမ်အနေနဲ့ ဒီပွဲနိုင်မှ မျှော်လင့်ချက်ခပ်ပါးပါးရှိမှာဆိုတော့ အရေအလည်းကြိုးစားကစားလိမ့်မယ်။ ဒါပေမယ့် ဘလက်ဘန်းကလည်း ယူအီးအက်ဖ်အေ၀င်ခွင့်သေချာအောင် တင်ကစားနိုင်လို့ ဘာမင်ဂမ်အတွက် လွယ်ကူတဲ့ပွဲတော့ မဖြစ်နိုင်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဘာမင်ဂမ် ကြေးရှုံးမယ်
ဝီလျံဟေလ်း - ဘာမင်ဂမ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - ဘာမင်ဂမ်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - အခြေအနေအရ ဘာမင်ဂမ်ကိုပဲ အားပေးသင့်

ပို့စ်မောက် - ဖူလ်ဟမ်

ပကျော့ ဖူလ်ဟမ် 0 – 2 ပို့စ်မောက်

နောက်ဆုံးပွဲစဉ်တွေမှာ အားထည့်ကစားပြီး ရလဒ်ကောင်းခဲ့လို့ တန်းဆင်းဇုန်အထက်နား ရောက်လာပေမယ့် ဒီပွဲကို ဖူလ်ဟမ်အမှတ်ရအောင် ကြိုးစားဦးမှာသေချာတယ်။ ဒါပေမယ့် ပို့စ်မောက် ကလည်း ယူအီးအက်ဖ်အေမျှော်လင့်ချက်ရှိနေသေးလို့ ဒီပွဲကို သူ့ကွင်းမှာ သေချာပြင်ဆင်ကစားမှာ ဆိုတော့ ဖူလ်ဟမ် ပွဲကြပ်လိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ပို့စ်မောက် 60% ကြေးရမယ်။
ဝီလျံဟေလ်း - ပို့စ်မောက်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - ဖူလ်ဟမ်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - သရေကျသွားမယ်ထင်တယ်။

ဝက်စ်ဟမ်း - ဗီလာ

ပကျော့ ဗီလာ 1 - 0 ၀က်စ်ဟမ်း

ဝီဂန်နဲ့ မတွေ့ခင် ၄ ပွဲမှာ ရှုံးပွဲမရှိဘဲ စုစုပေါင်း 17 ဂိုးအထိ သွင်းထားတဲ့ ဗီလာဟာ ပြီးခဲ့တဲ့ ပွဲ စဉ် 37 မှာတော့ အိမ်ကွင်းမှာပါ ၀ီဂန်ကို နှစ်ဂိုးပြတ်နဲ့ ရှုံးသွားလို့ သိက္ခာပြန်ကျသွားတယ်။ ဒါကြောင့် အခုပွဲမှာ သိက္ခာပြန်ဆယ်ဖို့ ကြိုးစားနိုင်လို့ ၀က်စ်ဟမ်း ပေါ့လို့မရဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဗီလာ 80 % ကြေးရှုံးမယ်
ဝီလျံဟေလ်း - ဗီလာကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - ၀က်စ်ဟမ်းကိုပိုကြိုက်ကြ
စာရေးသူအမြင် - သရေကျသွားမယ်ထင်

ဆန်းဒါးလန်း - အာဆင်နယ်

ပကျော့ အာဆင်နယ် 3 – 2 ဆန်းဒါးလန်း

နောက်ဆုံးပွဲမှာ ရွိုင်းကိန်းရော ၀င်းဂါးပါ သိက္ခာဆယ်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် လက်ရှိ ခြေစွမ်း ပိုင်းနဲ့ နည်းပြအတွေ့အကြုံပိုင်းအရ အာဆင်နယ်အများကြီး သာပါတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် အာဆင်နယ် 50% ကြေးရမယ်
ဝီလျံဟေလ်း - အာဆင်နယ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 2
ရန်ကုန်ဂျာနယ်များ - ဆန်းဒါးလန်းကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - အာဆင်နယ်ကို ကြိုက်တယ်

စပါး - လီဗာပူး

ပကျော့ လီဗာပူး 2 - 2 စပါး

အဆင့် 4 နေရာ သေချာနေပေမယ့် ချန်ပီယံလိဂ်က ထွက်လိုက်ရတဲ့တွန်းအားကြောင့် လီဗာ ပူး လူစုံထုတ်ပြီး တင်ကစားနိုင်လို့ အိမ်ရှင်ဖြစ်ပေမယ့် စပါး မချောင်လောက်ဘူး။ ဒါပေမယ့် ရာမို့စ်က လည်း သူ့သိက္ခာအတွက် ဒီလိုပွဲမျိုးကို ရလဒ်ကောင်းဖို့ အရင်ပွဲတွေက အကောင်းဆုံးအနေအထား မရှိခဲ့တဲ့ သူ့အသင်းတိုက်စစ်ကို ပုံစံတစ်မျိုးနဲ့ ပြင်လာနိုင်လို့ ကာရေဂါတို့အုပ်စု သတိထားရလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် လီဗာပူး 60% ကြေးရမယ်
ဝီလျံဟေလ်း - လီဗာပူးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 2 (သို့) 1 – 1
ရန်ကုန်ဂျာနယ်များ - စပါးကို ပိုကြိုက်ကြ
စာရေးသူအမြင် - သရေကျသွားမယ်ထင်တယ်

အဲဗာတန် - နယူးကာဆယ်

ပကျော့ နယူးကာဆယ် 3 - 2 အဲဗာတန်

နှစ်သင်းလုံးက အမှတ်မလိုတော့ဘူးဆိုပေမယ့် လက်ရှိကစားပုံအရတော့ အကြိတ်အနယ်ရှိ ပြီး ကြည့်ကောင်းလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - အဲဗာတန် တစ်ဂိုးနဲ့နိုင်ရင်တောင် 90% ကြေးရမယ်
ဝီလျံဟေလ်း - အဲဗာတန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - အဲဗာတန်ကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - အခြေအနေအရ နယူးကာဆယ်ကိုပဲ အားပေးသင့်

မစ်ဒယ်ဘရော့ - မန်စီးတီး

ပကျော့ မန်စီးတီး 3 – 1 မစ်ဒယ်ဘရော့

ရာသီအစတုန်းက မန်စီးတီး ခြေစွမ်းပြတဲ့အချိန်မှာ အနိုင်ရခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ တော့ အပြတ်ပြောလို့မရတော့ဘူး။ မန်စီးတီးနည်းပြ အဲရစ်ဆင်လည်း ရာထူးကထွက်ရဖို့ သေချာသ လောက်ရှိနေတော့ ဒီပွဲကို သိက္ခာဆယ်ပြီး သူ့အစွမ်းကို ပြသွားမယ်လို့ မစ်ဒယ်ဘရော့အတွက်လည်း သိပ်ခက်မယ့်ပွဲဖြစ်သွားနိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် မစ်ဒယ်ဘရော့ 30% ကြေးရှုံးမယ်
ဝီလျံဟေလ်း - ဆတူပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - မန်စီးတီးကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - မန်စီးတီးကိုပဲ ကြိုက်တယ်။