ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မန်ယူရဲ့ လာမယ့် တနင်္ဂနွေနေ့ နောက်ဆုံး ချန်ပီယံသရဖူ ဆောင်းရရေးပွဲအတွက် ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ရွန်နီဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မနေ့က ပြုလုပ်တဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပြီး ၀ီဂန်နဲ့ အဝေးကွင်း နောက်ဆုံးပွဲမှာ ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ရဲ့ အဆိုအရ ရွန်နီအနေနဲ့ မကစားနိုင်စရာ အကြောင်း မရှိပါဘူး လို့ ပြောပါတယ်။
ရွန်နီဟာ ဒီရာသီအတွင်းမှာ မန်ယူအတွက် ပရီးမီးယားရှစ်မှာ (၁၂)ဂိုး သွင်းပေးထားပါတယ်။
|

နယူးကာဆယ်နဲ့ ပွဲတုန်းက ပွဲကြည့်စင်ကနေ အားပေးနေတဲ့ ရွန်နီ
|