DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
နယူးကာဆယ်က ရာသီအကုန်မှာ ကစားသမား (၃)ယောက်ကို ပြောင်းရွေ့ခွင့်ပေး
ဘီဘီစီ - မေ ၇၊ ၂၀၀၈

နယူးကာဆယ်ဟာ ရာသီကုန်ရင် စတီဗင်ကား၊ ပီတာရန်မေ့ခ်ျနဲ့ ဂျိမ်းစ် ထရောရီစီတို့ကို လက်လွတ်တော့မှာ ဖြစ်ပါတယ်။

အဲဒီကစားသမား (၃)ယောက်စလုံးဟာ ဒီနှစ်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် နယူးကာဆယ်က စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်။

နည်းပြ ကီဗင်ကီဂန်းက ကျနော်တို့ ရမ်မီကို ဆက်ထိန်းထား ချင်ပါတယ်။ ဒါပေမယ့် သူက ပုံမှန် ကစားခွင့်ရချင် နေပါတယ်။ ဒါပေမယ့် ကျနော်က အဲဒီအတွက် အာမမခံနိုင်ပါဘူး လို့ ပြောပါတယ်။

အသက် (၃၁)နှစ် ရှိနေပြီဖြစ်တဲ့ ညာနောက်ခံလူ ကားဟာ သြဂုတ် (၂၀၀၄)မှာ တော့တင် ဟမ်ကနေ နယူးကာဆယ်ကို ရောက်ရှိလာပြီး ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီအတွင်းမှာ (၁၀)ပွဲပဲ ကစားခွင့် ရထားပါတယ်။

နယူးကာဆယ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခြင်း ခံရတဲ့ အသက် (၂၄)နှစ်အရွယ် နောက်ခံလူ ရက်မေ့ခ်ျနဲ့ (၁၉)နှစ်အရွ် ထရောရီစီတို့ နှစ်ယောက်စလုံးဟာ အသင်းရဲ့ ငယ်မွေးခြံပေါက်တွေ ဖြစ်ပါတယ်။

ကီဂန်းရဲ့ နယူးကာဆယ်ဟာ လောလောဆယ် ပရီးမီးယားရှစ် အမှတ်ပေးဇယားမှတ် ရမှတ် (၃၄)မှတ်နဲ့ အဆင့် (၁၂)နေရာမှာ ရှိနေပါတယ်။


ဘောလုံးမြှောက်ဖို့ ဟန်ပြင်နေတဲ့ စတီဗင်ကား