လီဗာပူးရဲ့ ဒီဇိုင်းသစ်နဲ့ ရေးဆွဲထားတဲ့ ကွင်းသစ်ကြီးဖြစ်တဲ့ စတန်လေပတ် တည်ဆောက်ရေး အစီအစဉ်ကို မြို့တော်ကောင်စီက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
မူလဒီဇိုင်းနဲ့အတူ အသစ်ပြန်ဆွဲထားတဲ့ ကွင်းသစ်ပုံစံကို တည်ဆောက်ရေး ကော်မတီက မနေ့က လက်ခံခဲ့ပြီး ပေါင်သန်း (၃၅၀) ထုတ်ပေးဖို့ သဘောတူ ခဲ့ပါတယ်။
အခုအကြိမ်ဟာ တတိယအကြိမ်မြောက် ပြင်ဆင်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး လွန်ခဲ့တဲ့ (၄)နှစ် တုန်းက မူလဒီဇိုင်းပုံစံကို မြို့တော်ကောင်စီထံကို ပေးပို့ ထားပါတယ်။
ကွင်းသစ်ကြီးမှာ ပရိတ်သတ် (၆၀,၀၀၀) ၀င်ဆံ့မှာ ဖြစ်တဲ့အပြင် တခြား အပန်းဖြေစရာ အဆောက်အဦးတွေနဲ့ ဆိုင်ခန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
|