DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဝက်စ်ဟမ်း ကစားသမားကို ကိုယ်ထိလက်ရောက် လုပ်မိတဲ့အပေါ် နာနီ တောင်းပန်
ဘီဘီစီ - မေ ၇၊ ၂၀၀၈

မန်ယူနိုက်တက် တောင်ပံသမား နာနီက ၀က်စ်ဟမ်းကို (၄ - ၁)နဲ့ အနိုင်ရတဲ့ပွဲမှာ တဖက်ကစားသမား လူကပ်နေးလ်ကို စိတ်လိုက်မာန်ပါ ခေါင်းနဲ့တိုက်တဲ့ ဖြစ်ရပ်အပေါ် တောင်းပန် လိုက်ပါတယ်။

နာနီဟာ စနေနေ့က အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ပွဲ (၃၇)မိနစ်မှာ ၀က်စ်ဟမ်း နောက်ခံလူ လူကပ်နေးလ်ကို ခေါင်းနဲ့သွားတိုက်လို့ (၃)ပွဲပယ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

“ကျနော်ရဲ့ အပြုအမူက စဉ်းစားဆင်ခြင်မှု မရှိတဲ့ လုပ်ရပ်ဆိုတာကို အသိအမှတ် ပြုပါတယ်။ ဒါပေမယ့် ကျနော့် စိတ်တိုလာအောင် ရန်ဆွပေးလို့ အခုလို ကိုယ်ထိလက်ရောက် တိုက်ခိုက် ခဲ့တာပါ” လို့ နာနီက ပြောပါတယ်။

“ဒီလို ဖြစ်ရပ်မျိုးက ခွင့်လွှတ်စရာ မရှိဘူးဆိုတာကို ကျနော် သိပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်လာတဲ့ အကြောင်းရင်းကိုတော့ သိဖို့လိုပါတယ်”

ခေါင်းနဲ့တိုက်တဲ့ ဖြစ်ရပ်ကြောင့် နာနီအနေနဲ့ ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံရမှာ ဖြစ်ပေမယ့် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

၎င်းက ဆက်လက်ပြီး “ကျနော့် လုပ်ရပ်အပေါ်မှာ နောင်တရ မိပါတယ်။ အဲဒီပွဲကို အနိုင်ရအောင် ကစားသွားတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီပွဲနိုင်ဖို့ ကျနော်တို့အတွက် အရမ်း အရေးကြီးလို့ပါ” လို့ ပြောပါတယ်။


နာနီ