DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အက်ဖ်အေက အင်္ဂလန်ကို ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် အဆင့်ထိရောက်ရေး ရည်မှန်းချက် ကို ကာပယ်လို ကျေနပ်
အေဂျင်စီသတင်းများ - မေ ၇၊ ၂၀၀၈

အက်ဖ်အေက နည်းပြ ဖာဘီယို ကာပယ်လိုကို လာမယ့် ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုပြိုင် ပွဲတွေမှာ အင်္ဂလန်ကို အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ပေးနိုင်ဖို့ ရည်မှန်းနေပါတယ်။

အခု ရည်မှန်းချက်ဟာ အက်ဖ်အေရဲ့ ရည်ရွယ်ချက်တွေ အများစုထဲက တစ်ခုဖြစ်ပြီး မနေ့ကမှ လူသိရှင်ကြား ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

အသက် (၆၁)နှစ်အရွယ် ကာပယ်လိုက အက်ဖ်အေက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

“လက်ရှိအသင်းနဲ့ဆိုရင် အဲဒီအောင်မြင်မှုမျိုးတွေကို ရယူ နိုင်ပါတယ်။ ကျနော် အမြဲတမ်း အကောင်းမြင်တာကို ယုံကြည်ပါတယ်။ ဒီလို ရည်မှန်းချက်တွေ ပေါ်ထွက်လာတာ အံ့သြစရာ တော့ မဟုတ်ပါဘူး။ အဲဒီအတွက် ယုံကြည်မှု ရှိသင့်ပါတယ်” လို့ ကာပယ်လိုက ပြောပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ကလည်း အမျိုးသား ဘောလုံးစင်တာကို ဆက်လက်တာဝန်ယူနိုင်ဖို့ နိုင်ငံတ ကာ ဘောလုံအရေးနဲ့ ပက်သက်တဲ့ ဒါရိုက်တာတစ်ယောက် ခန့်အပ်သွားဖို့ စီစဉ်နေ ပါတယ်။

နည်းပြသစ် ကာပယ်လိုဟာ လောလောဆယ် အင်္ဂလန်အသင်းကို ချစ်ကြည်ရေးပွဲ (၂)ပွဲပဲ ကိုင်တွယ်ခွင့်ရ ပါသေးတယ်။

အင်္ဂလန်အမျိုးသမီးအသင်းကိုလည်း အလားတူ ရည်မှန်းချက်မျိုး ချမှတ်သွားနိုင်ဖို့ အက်ဖ်အေ က မျှော်လင့် နေပါတယ်။

အင်္ဂလန်အမျိုးသားအသင်းဟာ ယူရို ၉၆မှာတုန်းက ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီးမှ ဂျာမဏီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ရှုံးပြီး အိမ်ပြန်ခဲ့ ရပါတယ်။


ကာပယ်လို