DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ပေါ်တို ညာနောက်ခံလူ ဂျိုဆေ ဘိုဆင်ဝါက မန်ယူနဲ့ စာချုပ်ဖို့ ငြင်းဆန်
စကိုင်းစပေါ့ - မေ ၆၊ ၂၀၀၈

ပေါ်တို ညာနောက်ခံလူ ဂျိုဆေ ဘိုဆင်ဝါက မန်ယူနိုက်တက်ကို ပြောင်းဖို့အတွက် သဘောတူညီချက် မရခဲ့ဘူးလို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။

သတင်းတွေအရ ယူနိုက်တက်က ဘိုဆင်ဝါကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ပေါ်တိုကတော့ ယူရိုသန်း (၂၀) (ပေါင် ၁၅.၇ သန်း)ထက် နည်းရင် ရောင်းမှာ မဟုတ်ဘူးလို့ အတည်ပြု ထားပါတယ်။

အေးဂျင့်ဖြစ်တဲ့ နီနိုက “အခုအချိန်မှာ မန်ယူနဲ့ ဘာသဘောတူညီချက်မှ မရသေးပါဘူး။ တ ကယ်လို့ တခြားအသင်းတွေက ယူရိုသန်း (၃၀)လောက်နဲ့ ကမ်းလှမ်းရင် သဘော တူညီချက် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

“စပိန်၊ အီတလီနဲ့ အင်္ဂလန်က ကလပ်တွေက သူနဲ့ ပက်သက်လို့ စိတ်ဝင်စားကြပါတယ်။ မကြာ သေးခင်ကပဲ ဂျာမဏီက ကလပ်တွေကလည်း စိတ်ဝင်စားတဲ့ အမူအရာတွေ ပြသတာ တွေ ရှိပါတယ်”

၎င်းက ဆက်လက်ပြီး “တခြား ဥရောပ ကလပ်တွေက သူ့ကို စိတ်ဝင်စားနေပေမဲ့ သူ့ရဲ့ ကစား ပုံနဲ့ဆို ပရီးမီးယား လိဂ်မှာ မြန်မြန်အသားကျလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါ တယ်။

အသက် (၂၅)နှစ်အရွယ် နောက်ခံလူဟာ ပေါ်တိုအသင်းအတွက် (၁၀၃)ပွဲမှာ (၂)ဂိုး သွင်း ထားပြီး ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ (၆)ပွဲ ကစားဖူး ထားပါတယ်။


ပေါ်တို ညာနောက်ခံလူ ဘိုဆင်ဝါ