DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူကို နောက်ဆုံးပွဲအထိ ဖိအားတွေ ထပ်ဆင့်ပေးနိုင်လို့ ချဲလ်ဆီးနည်းပြ ဂရန့် ကျေနပ်
ဘီဘီစီ - မေ ၆၊ ၂၀၀၈

နယူးကာဆယ်ကို အနိုင်ရလိုက်တဲ့အတွက် ချဲလ်ဆီးနည်းပြ အေဘဂရန် ဂရန့်က မန်ယူ အနေ နဲ့ လာမယ့် တနင်္ဂနွေနေ့ ၀ီဂန်နဲ့ပွဲမှာ ဖိအားတွေ ပိုပြီးများလာတော့မယ်လို့ ယုံကြည် နေပါ တယ်။

ချဲလ်ဆီးက မနေ့ညက နယူးကာဆယ်ကို အဝေးကွင်းမှာ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်လို့ မန်ယူနဲ့ အမှတ်တူသွားပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ပရီးမီးယားရှစ် နောက်ဆုံးပွဲအဖြစ် ယူနိုက်တက်က ၀ီဂန်နဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး ချဲလ်ဆီးက အိမ်ကွင်းမှာ ဘော်လ်တန်ကို ဧည့်ခံရမှာ ဖြစ်ပါတယ်။

“အခု ကျနော်တို့ ဘော်လ်တန်ကို သေချာပေါက် အနိုင်ရမှာပါ။ ယူနိုက်တက် အခြေအနေကို ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ” လို့ ဂရန့်က ပြောပါတယ်။

“ကျနော် ပြောခဲ့သလို မျှော်လင့်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဘယ်သူကမှ ကျနော်တို့ကို ချန်ပီယံဖြစ်လိမ့်မယ်လို့ တွေးမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားရမှာပါ”

အစ္စရေးသားနည်းပြက “လက်ရှိ အခြေအနေကို ကျနော် အကောင်းမြင်ပါတယ်။ နောက်ဆုံး အချိန် မရောက်မီအထိ ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ” လို့ ထပ်ပြောပါတယ်။

အသင်းခေါင်းဆောင် တယ်ရီက “၀ီဂန်က ပရီးမီးယားရှစ်မှာ မျှတတဲ့ အဖြေထွက်လာအောင် လုပ်သွားမယ်လို့ ကျနော် ထင်ပါတယ်။ အခု သူတို့အသင်း တန်းမဆင်းရတော့ပေမယ့် ဒီပွဲမှာ ကြိုးစားသွားမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။


အေဘရန် ဂရန့်