DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
တနင်္ဂနွေနေ့ ချန်ပီယံရွေးပွဲအတွက် ပရီးမီးယားရှစ် အမှုဆောင်က ဆုဖလား (၂)ခု စီစဉ်ထား
အေဂျင်စီသတင်းများ - မေ ၆၊ ၂၀၀၈

ပရီးမီးယားလိဂ် အမှုဆောင်အရာရှိက လာမယ့် တနင်္ဂနွေနေ့ ချန်ပီယံလုပွဲအတွက် ဆုဖလား (၂)ခုကို ပြုလုပ်ပြီး အသင့်စောင့်ဆိုင်းဖို့ စီစဉ် နေပါတယ်။

ဆုဖလားအစစ်က ၀ီဂန်ရဲ့ ဂျေဂျေဘီကွင်းမှာ ထားရှိမှာဖြစ်ပြီး မန်ယူနိုက်တက်အတွက် ရည်ရွယ် ထားပါတယ်။

နောက်ဖလားတစ်ခုကို ဘော်လ်တန်နဲ့ ကစားမယ့် ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ခ်ျမှာ ထားရှိ သွားမှာ ဖြစ်ပါတယ်။

ဝီဂန်ကို အနိုင်ရရင် ဖာဂူဆန်ရဲ့ မန်ယူဟာ ဂိုးကွာခြားချက်နဲ့ ချန်ပီယံဆုကို ဆွတ်ခူးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားတွေကတော့ မန်ယူအသင်း ၀ီဂန်နဲ့ပွဲမှာ ဖိအားတွေဝင်ပြီး ခြေချော်လက်ချော် ဖြစ်ဖို့ မျှော်လင့် နေပါတယ်။

မန်ယူနဲ့ ချဲလ်ဆီးဟာ လာမယ့် (၂၁)ရက်နေ့ကျရင် မော်စကိုမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ထပ်မံ နွဲရဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နည်းပြသစ် ဂရန့်ရဲ့ လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်လာခြင်း ဖြစ်ပါတယ်။


အိုးထရက်ဖို့ဒ်ကွင်းက ပရီးမီးယားရှစ် ဆုဖလား