DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
အာစင်နယ်ကွင်းလယ်လူ ဖလာမီနီ အေစီမီလန်ကို ရောက်ဖို့ နီးစပ်
ဘီဘီစီ - မေ ၅၊ ၂၀၀၈

အေစီမီလန် ဒုဥက္ကဌ အက်ရီယာနို ဂယ်လီယာနီက အာစင်နယ်ကွင်းလယ်လူ မက်သယူး ဖလာမီနီကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

အင်တာမီလန်ကို မနေ့က (၂ - ၁)နဲ့ နိုင်တဲ့ပွဲအပြီးမှာ ဂယ်လီယာနီက ဖလာမီနီ ဒီညပဲ မီလန်ကို ရောက်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုတော့မှာပါ လို့ ပြောပါတယ်။

ကွင်းလယ်လူ ဖလာမီနီရဲ့ အာစင်နယ်နဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး နည်းပြ အာစင်ဝင်းဂါးကတော့ လက်လွတ်ရမှာကို စိုးရိမ်ကြောင်း ၀န်ခံ ထားပါတယ်။

အသက် (၂၄)နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ဒီနေ့ မီလန်ရဲ့ ဆန်စီရိုကွင်းမှာ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။


ဖလာမီနီ (၀ဲ)နဲ့ အာစင်ဝင်းဂါး (ယာ)