မန်ယူအသင်းဟာ အကောင်းဆုံး ကစားနိုင်နေတဲ့အတွက် ချန်ပီယံဖြစ်ဖို့ ထိုက်တန်တယ်လို့ ကွင်းလယ်လူ အိုဝင် ဟာ့ဂဗေးက အခိုင်အမာ ပြောပါတယ်။
ယူနိုက်တက်ဟာ စနေနေ့ကပွဲမှာ ၀က်စ်ဟမ်းကို (၄ - ၁)နဲ့ အနိုင်ရလိုက်လို့ အမှတ်တူနဲ့ ဒုတိယနေရာက ကပ်လိုက်နေတဲ့ ချဲလ်ဆီးကို ဖိအားပေးနိုင် လိုက်ပြီ ဖြစ်ပါတယ်။
မန်ယူဟာ လာမယ့် တနင်္ဂနွေနေ့ ၀ီဂန်နဲ့ အဝေးကွင်းပွဲမှာ အနိုင်ရရင် ဖာဂူဆန်အတွက် ပရီးမီး ယားလိဂ်ဖလားကြီးကို (၁၀)ကြိမ်မြောက် ကိုင်မြှောက်နိုင်တော့မှာ ဖြစ်ပါတယ်။
အသက် (၂ရ)နှစ်အရွယ် ဟာ့ဂဗေးက “တကယ်လို့ အသင်းတွေက မန်ယူလို တိုက်စစ်ကို ဦးစားပေးတဲ့ ပုံစံမျိုးနဲ့ ကစားရင် သိပ်ကောင်းမှာပါ။ ဂိုးတွေလည်း အများကြီး သွင်းနိုင်ပြီး ဆု တွေလည်း ခဏခဏ ရမှာပါ” လို့ ပြောပါတယ်။
“ဂိုးတွေ အများကြီးသွင်းပြီး ထိပ်တန်းအဆင့် ခြေစွမ်းမျိုးနဲ့ ဇယားထိပ်မှာ ရပ်တည်နေ ရတာ ဟာ ဖြစ်တောင့်ဖြစ်ခဲ့ ဖြစ်စဉ်ပါ။ အခု ချဲလ်ဆီးအသင်း ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ”
အင်္ဂလန်လက်ရွေးစင် ဟာ့ဂဗေးရဲ့ အသင်းဖော်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၀က်စ်ဟမ်းကို နိုင် တဲ့ပွဲမှာ (၂)ဂိုး သွင်းနိုင်တာကြောင့် ဒီရာသီအတွင်း သွင်းဂိုး (၄၀)ပြည့်သွားပြီ ဖြစ်ပါတယ်။
ဟာ့ဂဗေးဟာ မန်ယူအတွက် ဒီရာသီအတွင်း ကစားပေးထားတဲ့ (၂၂)ပွဲမှာ (၂)ဂိုးနဲ့ အင်္ဂလန် အတွက် (၄၄)ပွဲ ကစားပေး ထားပါတယ်။
|

အောင်ပွဲခံနေတဲ့ အန်ဒါဆန် (၀ဲ)နဲ့ အိုဝင် ဟာ့ဂဗေး (ယာ)
|