မိုက်ကယ်ဘာလက်ဟာ သူ့ရဲ့ မင်္ဂလာပွဲကို အပြည့်စုံနိုင်ဆုံး ဖြစ်ဖို့အတွက် ချဲလ်ဆီးကို ပရီးမီးယားရှစ်နဲ့ ချန်ပီယံလိဂ်မှာပါ ဗိုလ်စွဲစေချင် နေပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဟာ နှစ်ရှည်လများတွဲလာတဲ့ ချစ်သူ ဆီမိုနီနဲ့ လာမယ့် နွေရာသီမှာ လက်ထပ်ဖို့ ရည်ရွယ် ထားပါတယ်။
ဘာလက်ဟာ ဒီနေ့ည နယူးကာဆယ်နဲ့ အဝေးကွင်းပွဲမှာ ချဲလ်ဆီး အနိုင်ရပြီး မန်ယူကို ဆက်လက် ဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဂျာမန်ကွင်းလယ်လူရဲ့ ချဲလ်ဆီးဟာ (၂၁)ရက်နေ့ကျရင် မော်စကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇူလိုင် (၁၅)ရက်နေ့မှာ ချစ်သူ ဆီမွန်နီနဲ့ လက်ထပ်ဖို့ သတ်မှတ် ထား ပါတယ်။
အသက် (၃၁)နှစ်အရွယ် ဘာလက်က “ပရီးမီးယားရှစ် သရဖူက မန်ယူ လက်ထဲမှာ ရှိနေ ပေမယ့် ကျနော်တို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်။ ကျနော်တို့ ဒီညပွဲ အနိုင်ယူပြီး မန်ယူကို ဆက်ပြီး ဖိအားပေး သွားမှာပါ” လို့ ပြောပါတယ်။
“ကြီးကျယ်တဲ့အသင်းက အဲဒီဆုဖလားတွေကို အနိုင်ရမှာပါ။ ကျနော် ဆုဖလားတွေရဖို့ မစောင့်နိုင်တော့ ပါဘူး။ ကျနော် အခုထိ ဒီမှာ ဆုဖလား တစ်ခုမှ မရသေးပါဘူး”
သူဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း (၄၂)မှာ (၁၁)ဂိုး သွင်းပေးထားပြီး ဂျာမန်လက်ရွေးစင် အ သင်းမှာ (၇၉)ပွဲနဲ့ (၃၅)ဂိုး သွင်းပေးထားပါတယ်။
|

ဂိုးသွင်းအပြီး ပရိတ်သတ်တွေနဲ့အတူ အောင်ပွဲခံနေတဲ့ မိုက်ကယ်ဘာလက်
|