DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ချန်ပီယံအဖြေ ထွက်လာနိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ခန့်မှန်းချက်
ဒီဗွီဘီ - မေ ၂၊ ၂၀၀၈

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ဟာ ဆုဖလား ချိန်နေတဲ့ မန်ယူရော ချယ်လ်ဆီးပါ အမှားခံလို့မရတာကြောင့် ဒီနှစ်သင်းရဲ့ရလဒ်ဟာ ချန်ပီယံ အဖြေထွက်လာနိုင်တယ်။ တန်းဆင်းဇုန်က အသင်းတွေရဲ့ ရုန်းကန်မှုကြောင့် လည်း ပွဲစဉ်အများစုဟာ ကြည့်ကောင်းနေလိမ့် မယ်။


ပရီးမီးယားလိဂ် အမှတ်တံဆိပ်

မန်ယူ - ၀က်စ်ဟမ်း

ပထမအကျော့ ၀က်စ်ဟမ်း ၂ - ၁ မန်ယူ

ဒီပွဲနိုင်ရင် မန်ယူ ဗိုလ်စွဲဖို့ အခြေအနေသိပ်ကောင်းသွားမှာဖြစ်လို့ သူ့ကွင်းမှာ ခြေပျက်နေတဲ့ ၀က်စ်ဟမ်းကို သေချာပြင် ဆင်ကစားလိမ့် မယ်။ ပထမအကျော့က ရှုံးထားလို့ ဒီပွဲကို သေချာပေါက်နိုင်အောင် ဖာဂူဆန်တို့အဖွဲ့ ကြိုးစား မှာဆိုတော့ ၀က်စ်ဟမ်း အခွင့်အရေးနည်းပါ တယ်။ တစ်ခုရှိတာက ချန်ပီယံလိဂ်ပွဲပန်းထားတဲ့ မန်ယူအနေနဲ့ အဓိက ကစားသမားတချို့ ဒဏ်ရာရနေတာနဲ့ ဒီပွဲမှာ အရန်လူအများစု ပွဲထုတ်နိုင်တာကိုတော့ သတိပြုဖို့လိုမယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - နှစ်ဂိုးနဲ့နိုင်ရင်တောင် မန်ယူ ၆၀ % ပဲ ကြေးရမယ်။
ဝီလျှံဟေးလ် - မန်ယူကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 3 – 1
ရန်ကုန်ဂျာနယ်များ - မန်ယူကိုပဲပိုကြိုက်ကြ
စာရေးသူအမြင် - မန်ယူ ၂ ဂိုးပြတ်လောက်ပဲ နိုင်လိမ့်မယ်ထင်။

ဖူလ်ဟမ် - ဘာမင်ဂမ်

ပကျော့ ဘာမင်ဂမ် 1 – 1 ဖူလ်ဟမ်

တန်းဆင်းဇုန်ကနှစ်သင်း တွေ့တဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းလိမ့်မယ်။ မန်စီးတီးကို ပြီးခဲ့တဲ့အပတ်မှာ အနိုင်ရထား တဲ့ ဖူလ်ဟမ်ကို ဘာမင်ဂမ် ခက်ခက်ခဲခဲကစားရနိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဖူလ်ဟမ်ကြေးရှုံးမယ်
ဝီလျှံဟေးလ် - ဖူလ်ဟမ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ဖူလ်ဟမ်ကိုပိုကြိုက်ကြ
စာရေးသူအမြင် - ဘာမင်ဂမ်ကို အရဲစွန့်အားပေးချင်

ရက်ဒင်း - စပါး

ပကျော့ စပါး 6 – 4 ရက်ဒင်း

ပထမအကျော့တုန်းက ဂိုးတွေအပြန်အလှန်သွင်းပြီးပရိသတ် အကြိုက်တွေ့ခဲ့တဲ့နှစ် သင်း ပြန်ဆုံတာဖြစ်ပေမယ့် အခုပွဲမှာတော့ သိပ်ကြည့်ကောင်းမှာ မဟုတ်တော့ဘူး။ ရက်ဒင်းရဲ့ တန်းဆင်းဇုန်ရုန်းအားကိုပဲ စောင့်ကြည့် ရလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ရက်ဒင်း ၂၀%ကြေးရှုံးမယ်
ဝီလျှံဟေးလ် - ဆတူပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - ရက်ဒင်းကိုပိုကြိုက်ကြ
စာရေးသူအမြင် - ရက်ဒင်းကိုပဲ အားပေးချင်

ဗီလာ - ၀ီဂန်

ပကျော့ ၀ီဂန် 1 – 2 ဗီလာ

ဗီလာရဲ့ တိုက်စစ်ကြောင့် ၀ီဂန်အတွက် သိပ်ခက်နိုင်ပေမယ့် ဗီလာအရန်လူတချို့ ပွဲထုတ်လာနိုင်တာကိုတော့ သတိထားရမယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ဗီလာကြေးမရ နိုင်သေး
ဝီလျှံဟေးလ် - ဗီလာကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 3 – 1
ရန်ကုန်ဂျာနယ်များ - ဗီလာကို ပိုကြိုက်ကြ
စာရေးသူအမြင် - ဗီလာကိုပဲ ကြိုက်တယ်

မစ်ဒယ်ဘရော့ - ပို့စ်မောက်

ပကျော့ ပို့စ်မောက် 0 – 1 မစ်ဒယ်ဘရော့

ယူအီးအက်ဖ်အေ၀င်ခွင့် မျှော်လင့်ချက်ရှိသေးတဲ့ ပို့စ်မောက်အနေနဲ့ ဒီပွဲကို သေချာ တင်ကစားလိမ့်မယ်။ ပထမအကျော့ကလည်း ရှုံးထားတော့ ဒီပွဲမှာ ရှုံးကြွေးပြန်ဆပ်ဖို့ကြိုး စားနိုင်လို့ အိမ်ရှင်အသင်း မချောင်လောက်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ပို့စ်မောက် 20% ကြေးရှုံးမယ်
ဝီလျှံဟေးလ် - ဆတူပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - ပို့စ်မောက်ကို အရဲစွန့်အားပေးချင်တယ်

ဘလက်ဘန်း - ဒါဘီ

ပကျော့ ဒါဘီ 1 – 2 ဘလက်ဘန်း

တန်းဆင်းနေရပြီဖြစ်လို့ ဒါဘီအနေနဲ့ ဂုဏ်သိက္ခာအတွက် ကစားရတော့မှာဖြစ်ပေမယ့် ယူအီးအက်ဖ် အေ၀င် ခွင့်အတွက် မျှော်လင့်ချက်ရှိသေးတဲ့ ဘလက်ဘန်းကတော့ သူ့ကွင်းမှာ သေချာပြင်ဆင်ကစားလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ဘလက်ဘန်းကြေးမရနိုင်သေး
ဝီလျှံဟေးလ် - ဘလက်ဘန်းကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 3 – 1
ရန်ကုန်ဂျာနယ်များ - ဘလက်ဘန်းကို ပိုကြိုက်ကြ
စာရေးသူအမြင် - ဘလက်ဘန်းကိုပဲ ကြိုက်တယ်

ဘော်လ်တန် - ဆန်းဒါးလန်း

ပကျော့ ဆန်းဒါးလန်း 3 – 1 ဘော်လ်တန်

တန်းဆင်းဇုန်က လွတ်သလောက်ရှိသွားတဲ့ ဆန်းဒါးလန်းအနေနဲ့ ဂုဏ်သိက္ခာအ တွက် တတ်နိုင်သမျှ ကြိုးစားမှာဖြစ်ပေမယ့် ဘော်လ်တန်အတွက်တော့ ဒီပွဲက နိုင်မှတန်း ဆင်းအန္တရာယ်က လွတ်နိုင်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ဘော်လ်တန် 30% ပဲကြေးရနိုင်
ဝီလျှံဟေးလ် - ဘော်လ်တန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ဘော်လ်တန်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - ဘော်လ်တန် အနိမ့်ဆုံးသရေကျနိုင်တယ်။

အာဆင်နယ် - အဲဗာတန်

ပကျော့ အဲဗာတန် 1 - 4 အာဆင်နယ်

ဂုဏ်သိက္ခာအတွက် ဂိုးပြတ်နိုင်ပွဲတွေရအောင် တင်ကစားနေတဲ့ အာဆင်နယ်ကို အဲဗာတန် ခက်ခက်ခဲခဲ ကစားရနိုင်တယ်။ ဒါပေမယ့် အဲဗာတန်အနေနဲ့ အနိမ့်ဆုံးယူအီး အက်ဖ်အေ၀င်ခွင့် သေချာအောင်တော့ ဒီပွဲမှာ အမှတ်ဖဲ့ယူနိုင်အောင် ကြိုးစားမှာမို့ အာ ဆင်နယ်အတွက်လည်း ထင်သလောက် ပွဲမချောင်နိုင်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် အာဆင်နယ်ကြေးမရနိုင်
ဝီလျှံဟေးလ် - အာဆင်နယ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - အာဆင်နယ်ကို ပိုကြိုက်ကြ
စာရေးသူအမြင် - အာဆင်နယ် ကပ်နိုင်မယ်ထင်တယ်

လီဗာပူး - မန်စီးတီး

ပကျော့ မန်စီးတီး 0 - 0 လီဗာပူး

ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေပေမယ့် ချန်ပီယံလိဂ်က ချယ်လ်ဆီးကိုရှုံးပြီး ထွက် လိုက်ရတဲ့တွန်းအားကြောင့် ဒီပွဲမှာ လီဗာပူး သိက္ခာပြန်ဆယ်ဖို့ ကြိုးစားလိမ့်မယ်။ ဖိအား ရှိနေတဲ့အဲရစ်ဆင်ကလည်း ဒီလိုပွဲမျိုးကို ရလဒ်ကောင်းအောင် ပိုကြိုးစားပြနိုင်တယ်။ ဒါ ကြောင့် လီဗာပူး သတိထားရမယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် လီဗာပူးကြေးရှုံးမယ်
ဝီလျှံဟေးလ် - လီဗာပူးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - လီဗာပူးကို ပိုကြိုက်ကြ
စာရေးသူအမြင် - လီဗာပူး ကပ်နိုင်မယ်ထင်

နယူးကာဆယ် - ချယ်လ်ဆီး

ပကျော့ ချယ်လ်ဆီး 2 - 1 နယူးကာဆယ်

ချယ်လ်ဆီးအတွက် ဒီပွဲနိုင်မှ ချန်ပီယံမျှော်လင့်ချက် ဆက်ရှိမှာဆိုတော့ နယူးကာ ဆယ်အတွက် သိပ်ခက်ခဲမယ့်ပွဲပဲ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လို့ စိတ်ဓာတ်တက်ကြွနေပြီး ချယ်လ်ဆီးရဲ့ကစားအားကြောင့် ပွဲက ပိုအကြိတ်အနယ်ရှိနိုင်တယ်။ ဒါပေမယ့် နယူး ကာဆယ်ရဲ့ခြေကလည်း အတက်ဘက်ရောက်လာလို့ ချယ်လ်ဆီး အလွယ်တကူတော့ အသာစီးမရနိုင်ဘူး။ မန်ယူကစားသမားဟောင်း နစ်ကီဘက်ကလည်း သူ့အသင်း ဟောင်း အတွက် ဒီပွဲကို အနိုင်ရအောင်ကစားမယ်ဆိုထားတာကြောင့် ချယ်လ်ဆီး သတိ ထားမှ ရလဒ်ကောင်းလိမ့်မယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - တစ်ဂိုးနဲ့နိုင်ရင် ချယ်လ်ဆီး ကြေးမရနိုင်သေး
ဝီလျှံဟေးလ် - ချယ်လ်ဆီးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 2 သို့မဟုတ် 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - ချယ်လ်ဆီး သရေ သို့မဟုတ် ကပ်နိုင်မယ်ထင်။