မန်စီးတီးကစားသမားတွေက နည်းပြ ဆဲဗင်ဂိုရန် အဲရစ်ဆင်ကို ထောက်ခံတဲ့အနေနဲ့ အသင်းရဲ့ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တွေကို သပိတ်မှောက်မယ်ဆိုတဲ့ ခြိမ်းခြောက် မှုတွေ ထွက်ပေါ်လာပါတယ်။
စီးတီးပိုင်ရှင် သက်ဆင် ရှင်နာဝါထရာက ရာသီအကုန်မှာ အဲရစ်ဆင်ကို ထုတ်ပယ်ဖို့ ရည်ရွယ်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။
သက်ဆင်ရဲ့အသင်းဟာ ဟောင်ကောင်ကို မသွားရောက်မီ မေလ (၁၇)ရက်နေ့မှာ ထိုင်းနိုင်ငံကို အရင်ဆုံး လာရောက်မှာ ဖြစ်ပါတယ်။
အသင်းနဲ့ နီးစပ်တဲ့ သတင်းတွေအရ အသင်းခေါင်းဆောင် ရစ်ချပ် ဒန်နီ ဦးဆောင်တဲ့ အုပ်စုကနေ ဒီအပတ်အစောပိုင်းမှာ အဲရစ်ဆင်ကို ချဉ်းကပ်ပြီး ခရီးစဉ်တွေမှာ ပါဝင်ဖို့ ငြင်းဆန်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် (၉)နေရာမှာ ရပ်တည်နေတဲ့ စီးတီးဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရာသီအသိမ်းမှာ အဆင့် (၁၄)နဲ့ အဆုံးသတ် ထားပါတယ်။
|