DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
နည်းပြ အေဘရန် ဂရန့်ရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်သူတွေကို ဂျွန်တယ်ရီ အံ့သြ
ရိုက်တာ - မေ ၂၊ ၂၀၀၈

အေဘရန် ဂရန့်က ချဲလ်ဆီးနည်းပြအလုပ်ကို ဆက်လုပ်ဖို့ အရည်အချင်း ပြည့်ဝကြောင်း ပြသပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ စွမ်းဆောင်မှုအပေါ် မေးခွန်းထုတ်နေတဲ့ လူတွေကို အံ့သြမိ ကြောင်း ဂျွန်တယ်ရီက ပြောပါတယ်။

ဂရန့်ဟာ ချဲလ်ဆီးကို ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုရောက်အောင် ပို့နိုင် ခဲ့ပေမယ့် ဝေဖန်သူတွေကတော့ သူ့ရဲ့ အစွမ်းအစကို အခုအချိန်အထိ အထင်မကြီးနိုင်ဘဲ ဖြစ်နေပါတယ်။

“ကျနော်တို့ရဲ့ အခု လက်ရှိ ရောက်နေတဲ့ အနေအထားမှာတောင် သူ့အပေါ်မှာ အဲဒီမေးခွန်း ဆက်ရှိနေရင်တော့ မယုံကြည်နိုင်စရာ ကောင်းပါတယ်” လို့ အသင်းခေါင်းဆာင် တယ်ရီက ပြောပါတယ်။

“ကျနော်တို့ အခု ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်နေပါပြီ။ ဒီမှာရှိတဲ့ ဘယ်မန်နေဂျာနဲ့ ကစားသမားမှ ဗိုလ်လုပွဲကို မရောက်ဖူးပါဘူး။ ရလဒ်ကိုတော့ ညာလို့ မရပါဘူး”

အစ္စရေးသားနည်းပြ ဂရန့်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုး ၀င်ရောက်လာတဲ့ နည်းပြ ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူက “ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း ဒီမန်နေဂျာ ရောက်လာပြီးမှ အသင်းက အများကြီး တိုးတက်လာပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအောင်မြင်တာက သူတစ်ယောက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ ဒီမှာ ရှိတဲ့ လူတိုင်းဝိုင်းပြီး ကြိုးစားလို့ပါ” လို့ ထပ်ပြောပါတယ်။


ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီ